
နိုင်ငံခြားအလုပ်သမားများရည်ရွယ်၍ အလုပ်သမားဝန်ကြီးအဖွဲ့ ၏ဆုံးဖြတ်ချက်
စက်တင်ဘာလ ၂၄ ရက် ၂ဝ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံတော်ဝန်ကြီးချုပ်၏ အစိုးရအဖွဲ့အစည်းအဝေး တွင် နိုင်ငံခြားသားအလုပ်သမားများနှင့်ပတ်သပ်၍ အောက်ပါအချက်များအား ဆွေးနွေးခဲ့ပါသည်။
နိုင်ငံခြားသား များ၏ အလုပ် လုပ်ကိုင်မှုနှင့်ပတ်သက်၍ တရားမဝင် အဖြစ်ရှိနေသော ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့်နိုင်ငံခြားသားများနှင့် ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်သက်တမ်းကုန်ဆုံးသည့်နိုင်ငံခြားသား သို့မဟုတ် တရားဝင်နေထိုင် အလုပ်ကိုင်ခွင့်ရရှိထားသော်လည်း ခွင့်ပြုချက်မရှိဘဲအလုပ်ရှင်နှင့် အလုပ် လုပ်ကိုင်သည့်နိုင်ငံခြားသားများသည် နိုင်ငံအတွင်းတရားဝင်နေထိုင် လုပ်ကိုင်ခွင့် လျှောက်ထားနိုင်ပြီး ခွင့်ပြုချက်ရရှိပြီးပါက နိုင်ငံအတွင်း ၁ နှစ် နေထိုင် အလုပ် လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ အလုပ် လုပ်ကိုင်ခွင့်ရရှိထားသည့် နိုင်ငံခြားသားများအနေဖြင့် အလုပ်လုပ်ခွင့်လက်မှတ်သက်တမ်းဆက်ရန်အတွက် နေထိုင် အလုပ် လုပ်ကိုင်ခွင့် ပေးသည့် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်များနှင့်အညီ နောက်ထပ်၂ နှစ် နေထိုင် အလုပ် လုပ်ကိုင်ခွင့် လျှောက်ထားနိုင်ပြီး စုစုပေါင်း ၄ နှစ်ပြည့်သည်အထိ သက်တမ်းတိုးခွင့်ပေးသွားမည်ဖြစ်သည်။
ထို့နောက် နိုင်ငံခြားသားများအတွက် အဆင်ပြေချောမွေ့စေရန် နိုင်ငံခြားသားများ အနေဖြင့် အလုပ်ရှင်အပြောင်းအလဲလုပ်ဆောင်ရာတွင်အလုပ်ဟောင်းမှထွက်ပြီးနောက် အလုပ်ရှင် အသစ်ရှာနေသည့်ကာလကိုလည်း ယခင်ရက်ပေါင်း ၃၀ မှ ၆၀ ရက်အထိ တိုးမြှင့်လိုက်ပြီဖြစ်သည်။
အထောက်အထား အသစ်လုပ်ဆောင်လိုသူများအတွက်ဆောင်ရွက်မှု အဆင့်ဆင့် (ပန်းရောင်ကဒ်)
၁. အလုပ်ရှင်မှ အလုပ်သမားအမည်စာရင်းတင်သွင်းခြင်းကို အွန်လိုင်းကနေသော်လည်းကောင်း သို့မဟုတ် အလုပ်အကိုင်ရှာဖွေခန့်ထားရေးရုံး ကိုသော်လည်းကောင်းတင်ပြရမည်။
၂. အလုပ်ရှင်သည် နိုင်ငံခြားသားအလုပ်သမားကိုယ်စား အလုပ် လုပ်ခွင့်လက်မှတ်လျှောက်ထား ရမည်ဖြစ်ပြီး သက်သေအထောက်အထားများဖြစ်သည့် ဆရာဝန် ဆေးစာ ထောက်ခံချက် အပါဝင် ကျန်းမာရေးအာမခံ/ လူမှုဖူလုံရေးအာမခံ အလုပ်ရှင်၏ စာရွက်စာတမ်း နှင့် လျှောက်ထားခွင့် ဝန်ဆောင်ခ ကိုလည်း အွန်လိုင်းမှတဆင့်သော်လည်းကောင်း သို့မဟုတ် အလုပ်အကိုင်ရှာဖွေခန့် ထားရေးရုံးမှ သတ်မှတ်ထားသည့် နေရာသို့သော်လည်းကောင်း ပေးသွင်းရမည်ဖြစ်သည် လျှောက်လွှာတင်တောင်းဆိုမှုကို အတည်ပြုပြီးပါက နိုင်ငံခြားသားသည် 1 နှစ်သက်တမ်းရှိသော အလုပ် လုပ်ခွင့်ကို ရရှိမည်ဖြစ်သည်။
၃. နိုင်ငံခြားသားများအား လူဝင်မှုကြီးကြပ်ရေးဌာန ရုံးချုပ်1 နှင့် ဆိုင်ရာဒေသအလိုက် လူဝင်မှူကြီး ကြပ်ရေးရုံးနှင့် သတ်မှတ်ထားသည့်နေရာသို့ ကိုယ်ရေးဒေတာအချက်အလက် ပေးသွင်းရမည်။
၄. ဘန်ကောက်ခရိုင်နှင့် ခရိုင်ဒေသအလိုက်သော်လည်ကောင်းသို့မဟုတ် ခရိုင်ညွှန်ကြားမှု ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေး ဌာန၏ သတ်မှတ်ထားသောနေရာများတွင် မှတ်တမ်းစာရင်းပြုစုခြင်းကိုဆက်လက် ဆောင်ရွက်သွားမည်။
MOU ဖြင့်ဝင်ရောက်လာသော နိုင်ငံခြားသားများအတွက် သက်တမ်းတိုးဆောင်ရွက်ပုံအဆင့်ဆင့်
၁. အလုပ်ရှင်မှ နိုင်ငံခြားသား အလုပ်သမားလိုအပ်မှုပေါ်မူတည်၍ အလုပ်သမားအမည်စာရင်း တင်သွင်းခြင်းကို ၁၃ ဖေဖော်ဝါရီ ၂၀၂၅ ခုနှစ်အတွင်း အလုပ်အကိုင်ဦးစီးဌာနထံသို့ အွန်လိုင်းမှ တဆင့်သော်လည်းကောင်း အလုပ်အကိုင်ရှာဖွေခန့်ထားရေးသို့သော်လည်းကောင်း လျှောက်ထား ရမည်ဖြစ်သည်။
၂. နိုင်ငံခြားသားများအနေဖြင့် ထိုင်းနိုင်ငံမှ ထွက်ခွါ၍ သို့မဟုတ် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ရေးထိုး၍ သတ်မှတ်သည့် နေရာသို့ သွားရောက်၍ MOU စနစ်အတိုင်း အလုပ်သမားအဖြစ် ပြန်လည်၍ ဝင်ရောက် လာရမည်။
၃. သက်ဆိုင်ရာနိုင်ငံမှ နိုင်ငံသားစာရင်းများစိစစ်ပြီးနောက် အလုပ်ရှင်ဖြစ်သူမှ နိုင်ငံခြားသား အလုပ်သမားကိုယ်စား အလုပ် လုပ်ခွင့် လျှောက်ထားခြင်းနှင့် ဝန်ဆောင်ခများပေးချေခြင်းကို ၁၃ ဖေဖော်ဝါရီ ၂၀၂၅ ခုနှစ်အတွင်းအပြီးဆောင်ရွက်ရမည်။ တောင်းဆိုလျှောက်ထားခြင်းကို အတည်ပြုပြီးပါက နိုင်ငံခြားသား အနေဖြင့် အလုပ် လုပ်ခွင့်ကို ၂ နှစ် ရရှိမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနဆောင်ရွက်မှု ပေါ်မူတည်၍ နောက်ထပ် ၂ နှစ် သက်တမ်းဆက်ခွင့်လည်းရရှိမည်ဖြစ်သည်။
၄. အလုပ်ရှင်ပြောင်းလဲခွင့်အား အလုပ်ရှင်ဟောင်းထံမှထွက်သည့်နေ့မှစ၍ အလုပ်ရှင်သစ်ရှာဖွေ ခွင့်ကို ယခင် ရက်ပေါင်း ၃ဝ မှ ရက်ပေါင်း ၆၀ အထိ တိုးမြှင့်ပေးလိုက်ခြင်းနှင့် သာမာန်အောက်ခြေ အလုပ်ကြမ်းနှင့် အိမ်အကူဖြစ်သဖြင့် အလုပ်အမျိုးအစားကို ထည့်သွင်းအသိပေးစရာ မလိုတော့ပါ။
၅. အလုပ် လုပ်ခွင့်လက်မှတ်သက်တမ်းရှိ၍ အလုပ်ရှင်ပြောင်းလဲပါက အလုပ်ရှင်ရှာ ဖွေခြင်းနှင့် အလုပ်ရှင်မှ (ကျဲင့်ခေါက်)အသိပေးအကြောင်းမည်ဖြစ်သည်။
နိုင်ငံခြားသားများ၏ ကလေး(မှီခိုသူ)
- မိဘများနှင့်အတူလိုက်ပါနေထိုင်သော အသက် 18 နှစ်အောက် နိုင်ငံခြားသား အလုပ်သမားများ၏ ကလေးများ၏အမည်များကိုလည်းသက်ဆိုင်ဌာနများသို့ အကြောင်းကြားထားပြီး ဖြစ်သည် ထို့နောက် မိဘနှင့်အတူထိုင်းနိုင်ငံတွင် နေထိုင် ခွင့်ရရှိမည်ဖြစ်သည်။
- အကယ်၍နောက်ပိုင်းတွင် ကလေးသည် အသက် ၁၈ နှစ်ပြည့်၍ ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်လိုပါက အသက် ၁၈ နှစ်ပြည့်နေ့ရက်မှစ၍ ရက်ပေါင်း ၆ဝ အတွင်း ထိုင်းနိုင်ငံတွင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်ကိုလျှောက်ထားရမည်ဖြစ်သည်။
၅. ၂ဝ၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံခြားအလုပ်သမားများ အလုပ်စီမံခန့်ခွဲမှု မူဝါဒကော်မတီ (ခေါဘောတော ) ဒုတိယအကြိမ် ၂/၂ဝ၂၄ အစည်းအဝေးတွင်အထက်ပါ လမ်းညွှန်ချက်များကို အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။