2024 အိမ်တွင်းမှုဆိုင်ရာ ဝန်ကြီးဌာန စည်းမျဉ်း 15

သန့်ရှင်းရေးဝန်ထမ်းများ၊ ထမင်းချက်၊ ပြုစုစောင့်ရှောက်သူများ၊ ယာဉ်မောင်းများ၊ လုံခြုံရေးအစောင့်များ သို့မဟုတ် ထိုင်းအိမ်ထောင်စုများအတွက် အလုပ်လုပ်သူများအတွက် တရားဝင်အခွင့်အရေးအသစ်များရှိသည်။ အောက်ပါအချက်အလက်များသည် April 30 2024 တွင် ထုတ်ပြန်လိုက်သည့် အိမ်တွင်းမှုလုပ်ငန်းဆိုင်ရာ ဝန်ကြီးဌာန စည်းမျဉ်း 15 နှင့် ပတ်သက်၍ အကျဉ်းချုပ် ဖြစ်ပါသည် ။

  1. အခြေခံလုပ်အားခ (2024 ဘန်ကောက်နှုန်း = 363 ဘတ်/၁ရက်)
  2. ၁ရက်လျှင် အလုပ်ချိန် အများဆုံး ၈နာရီနှင့် 1 နာရီ နားချိန်ပေးရန်၊ ရက်သတ္တပတ် ၁ပတ်တွင် 48 နာရီ အများဆုံး အလုပ်လုပ်ရန်။
  3. အလုပ်ရှင်များသည် မီးဖွားခွင့် ၉၈ ရက်ပေးရမည်ဖြစ်သည် ၄၅ရက်အား ပုံမှန်လစာပေးထားရမည်ဖြစ်သည်(ယခုမှစ၍ မိမိအိမ်တွင်အလုပ်လုပ်ကိုင်သော အကူအမျိုးသမီး ကိုယ်ဝန်ရှိပါက အလုပ်ထုတ်ခြင်းမှာ တရားမဝင်ပါ၊ ကိုယ်ဝန်ရှိချိန်တွင် 00 မှ 06.00 အတွင်း၊ အချိန်ပို သို့မဟုတ် ရုံးပိတ်ရက်များတွင် အလုပ်ခိုင်းစေခွင့်မရှိပါ)
  4. အမျိုးအစား ၅ မျိုး (ထောက်ပံ့ရန်ပုံငွေ၊ အခွန်၊ ရည်ရွယ်၍ သို့မဟုတ် ပေါ့ဆမှုကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် လျှော်ကြေးငွေပေးအပ်ခြင်း ၊ အလုပ်သမားအတွက် အကျိုးရှိစေသော အကြွေးများနှင့် အလုပ်သမားသမဂ္ဂ အခွန်အခများ) မှလွဲ၍ လစာနုတ်ယူခြင်းကို ခွင့်မပြုပါ။ နုတ်ယူခြင်းများသည် အမျိုးအစားတစ်ခုစီအတွက် လစာ၏ 10ရာခိုင်နှုန်းသာ နှုတ်ယူနိုင်ပြီး မည်သည့်ပေးချေမှုတွင်မဆို လစာ၏ 20 ရာခိုင်နှုန်းထက် မပိုစေရပါ။
  5. အသက် 15 နှစ်မှ 17 နှစ်အတွင်း အလုပ်သမားများသည် ပညာရေးဆိုင်ရာသင်တန်းများတက်ရန် အခကြေးငွေ 30 ရက်ခံစားခွင့်ရှိပြီး အလုပ်ခန့်ထားချိန်နှင့် အလုပ်ရပ်စဲချိန်တွင် အလုပ်သမားစစ်ဆေးရေးအရာရှိထံ အကြောင်းကြားရန် လိုအပ်ပါသည်။

၎င်းတို့ကို တည်ဆဲ စည်းမျဉ်းဥပဒေနှင့် ရာဇ၀တ်ကျင့်ထုံးဥပဒေ ပြဋ္ဌာန်းချက်များတွင် ထည့်သွင်းထားသည်။

ခွင့်ရက်များ

  1. အနည်းဆုံး တစ်ပတ်လျှင် ၁ရက် အနားယူခွင့်ရှိသည်။
  2. အနည်းဆုံး တစ်နှစ်လျှင် အစိုးရရုံးပိတ်ရက် 13 ရက်ရယူပိုင်ခွင့်ရှိသည်။
  3. အလုပ် 1 နှစ်ပြီးနောက် လစာရယူ၍ ၆ရက် နှစ်ပတ်လည် ခွင့်ခံစားခွင့်ရှိသည်။
  4. ဖျားနာခွင့်ရက် 30ရယူပိုင်ခွင့်ရှိသည်၊ သုံးရက်ဆက်တိုက် ဖျားနာခွင့်ယူပါက အလုပ်ရှင်များသည် ဆရာဝန်ထောက်ခံချက် ဆေးလက်မှတ်များ တောင်းနိုင်သည်။
  5. အားလပ်ရက်များတွင် အလုပ်အတွက်ပေးချေမှုသည် လစဉ်အလုပ်သမားများ၏ တစ်နာရီလုပ်ခနှုန်းထား သာမာန်လုပ်ခထက်မနည်းစေရ သို့မဟုတ် နေ့စဉ်အလုပ်သမားများ၏ တစ်နာရီလုပ်ခနှုန်းထား၏ 2 ဆထက်မနည်းစေရပါ။
  6. အိမ်အကူအလုပ်သမားများအတွက် အနိမ့်ဆုံးတရားဝင် အလုပ်လုပ်ပိုင်ခွင့်အသက်မှာ 15 နှစ်ဖြစ်သည်။ အသက် 15-17 နှစ်အရွယ်များသည် အန္တရာယ်ရှိသော ဓာတုပစ္စည်းများ အသုံးပြုခြင်း သို့မဟုတ် လေးလံသောရုပ်ထွက်ပစ္စည်းများအသုံးပြုခြင်းကဲ့သို့သော အန္တရာယ်ရှိသောအလုပ်များကို မလုပ်သင့်ဘဲ တစ်ပတ်လျှင် 48 နာရီ သို့မဟုတ် 00 မှ 06.00 အထိ အလုပ်မလုပ်သင့်ပါ။
  7. အလုပ်ရပ်စဲရန်အတွက် အလုပ်သမားများ 1-လကြိုတင် အကြောင်းကြားစာပေး၍ အလုပ်နောက်ဆုံးနေ့မှ 3 ရက်အတွင်းလစာပေးဆောင်ရပါမည် (နှစ်စဉ် ခွင့်ရက် 6 ရက်အထိ မယူရသေးသောအလုပ်သမားများအား ထိုရက်များအတွက်ပါ လစာရမည်ဖြစ်သည် ။ အလုပ်ပြီးဆုံးချိန်တွင် လုပ်ငန်းအတွေ့အကြုံ လက်မှတ် ပေးအပ်ရမည်။
  8. အလုပ်ရှင်များသည် ဝန်ကြီးဌာနစည်းမျဉ်းကို ဖောက်ဖျက်ပါက ဒဏ်ငွေ ဘတ် ၂၀၀,၀၀၀ သို့မဟုတ် ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် နှစ်ရပ်လုံးကျနိုင်ပါသည်။
  9. ရာဇ၀တ်ကျင့်ထုံးဥပဒေအရ အိမ်အကူအလုပ်သမားတစ်ဦး၏ အထောက်အထားစာရွက်စာတမ်းများကို သိမ်းဆည်းရန် အလုပ်ရှင်များအတွက် တရားမဝင်ပါ။
  10. ရာဇ၀တ်ကျင့်ထုံးဥပဒေအရ အိမ်အကူအလုပ်သမားများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်း သို့မဟုတ် အလွဲသုံးစားပြုခြင်းသည် တရားမဝင်ပါ။

Credit: International Labor Law Organization PDF 223.54 KB