အရေးပေါ်အခြေအနေတွင် ကျား၊မ အခြေပြုအကြမ်းဖက်ခြင်းကာကွယ်ခြင်းဆိုင်ရာ အချက်အလက်များအား အောက်တွင်ဖော်ပြထားပါသည်။

❌ မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆို ငြင်းဆိုပါ။

အရေးပေါ် အခြေအနေများ၌ကျား၊မ အခြေပြု အကြမ်းဖက်မှု

လူသားချင်းစာနာမှု အရေးပေါ်အခြေအနေများသည် လူအများ၏ လိင်စိတ် အခြေခံကွဲပြားမှုအရ မတူညီသော သက်ရောက်မှုများကို ဖြစ်စေပါသည်။အမျိုးသားများ၊အမျိုးသမီးများ၊မိန်းကလေများ၊ ယောကျာ်းလေးများနှင့် လိင်ဝိသေသခံယူမှု တစ်ခုခြင်းစီ အပေါ် အမျိုးမျိုးသော သက်ရောက်မှုများကို ဖြစ်စေပါသည်။

ကျား၊မ တန်းတူအခွင့်အရေး မရှိခြင်းသည် လူသားချင်း ဆိုင်ရာ အကူအညီများကို တန်းတူရယူနိုင်ရေးနှင့် လူ့အခွင့်အရေးများကို ကာကွယ်ရန် အတွက် အရေးပါသော အတားအဆီးတစ်ရပ်ဖြစ်ပါသည်။

ကျား၊မအခြေပြု အကြမ်းဖက်မှု ဆိုတာဘာလဲ။

ကျား၊မအခြေပြု အကြမ်းဖက်မှု (GBV)သည် ကျား၊မ (Gender) အခြေခံ၍ လူတစ်ဦးတစ်ယောက်ချင်းကို ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ထိခိုက်နစ်နာစေခြင်း(သို့) နှိပ်စက်ခြင်းလုပ်ရပ် များကို ရည်ညွှန်းပါသည်။ အခြေခံအားဖြင့် ကျား၊မတန်းတူညီမျှမှု မရှိခြင်းနှင့် ဆက်စပ်နေပါသည်။

အမျိုးသမီးများနှင့် မိန်းကလေးများသည် GBV ဒဏ်ကို အချိုးမညီစွာ ခံစားနေကြရသော်လည်း အမျိုးသားနှင့် ယောက်ျားလေးများသည်လည်း ထိုကဲ့သို့ အကြမ်းဖက်မှုများကို ခံရနိုင်သည်။ ထို့အပြင် LGBTQI+ တစ်ဦးချင်းစီအပေါ် အကြမ်းဖက်မှုများလည်း ကြုံတွေ့နိုင်သည်။

ကျား၊မ အခြေပြုအကြမ်းဖက်မှုတွင် GBV လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှင့် စီးပွားရေးဆိုင်ရာ ထိခိုက်မှုများပါဝင်နိုင်ပြီး လူကွယ်ရာ(သို့) လူသိရှင်ကြားနေရာများတွင် ဖြစ်ပေါ်နိုင်ပါသည်။ ၎င်းတွင် ခြိမ်းခြောက်ခြင်း၊ အကျပ်ကို်ခြင်း နှင့် ခြယ်လှယ်ခြင်းတို့လည်း ပါဝင်ပါသည်။ GBV ပုံစံများတွင် ရင်းနှီးသောလက်တွဲဖော် အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် သက်ငယ်ထိမ်းမြားလက်ထပ်ခြင်းများ ပါဝင်သည်။

GBVကို မည်သို့ ကာကွယ်မည်နည်း။

အကူအညီ ရှာဖွေရမည့် နေရာများကို သိရှိခြင်း။

ဘေးကင်းသော နေရာများကိုရှာဖွေခြင်း၊ ရရှိနိုင်သောပံ့ပိုးကူညီမှု ဝန်ဆောင်မှုများ အကြောင်းလေ့လာခြင်းနှင့် သတင်းပို့ဆောင်နိုင်သော ယန္တရားများကို သိရှိခြင်း။

သင့်ပတ်ဝန်းကျင်ကို လုံခြုံအောင်ထားခြင်း။

သူစိမ်းများအား သတိထားပြီး သင့်ပတ်ဝန်းကျင်ရှိ သူများအားသတိပြုရန်။

အန္တရာယ်များသော အခြေအနေများနှင့်ထိတွေ့မှုကို လျှော့ချခြင်း။

သင်၏ ကိုယ်ရေးအချက်အလက် စာရွက်စာတမ်းများကို ထိန်းချုပ်ပြီး အန္တရာယ်များအား အပြန်အလှန်တုံ့ပြန်မှုများကို လျှော့ချရန်။

သတင်းအချက်အလက်မျှဝေခြင်းနှင့် ဆက်သွယ်ခြင်း။

မိမိသွားလာမည့် နေရာများကို တစ်စုံတစ်ဦးကို ပြောပြထားခြင်းနှင့် ဖုန်း လူမှုကွန်ရက် မီဒီယာများသုံးသည့် နေရာများတွင် မိမိကိုယ်ရေး အချက်လက်များအတွက် အန္တရာယ်များအား အထူးသတိပြုရန်။

အသိပညာဖြင့် သင့်ကိုယ်သင် ခွန်အားတိုးစေခြင်း။

သင်၏အခွင့်အရေးများကိုသိခြင်း၊ အမြတ်ထုတ်ခြင်း၏ အန္တရာယ်များကို နားလည်ပြီး မိမိကိုယ်ကို ကာကွယ်သည့် နည်းလမ်းများကိုလေ့လာရန်။

GBV မှ လွတ်မြောက်လာသူများအား ပံ့ပိုးကူညီသော ဝန်ဆောင်မှုများသို့ ဝင်ရောက်ခြင်း။

မဲဆောက်ရှိ GBV လွတ်မြောက်လာသူများအား ထောက်ပံ့ကူညီမှု များသည် အစိုးရအေဂျင်စီများနှင့် NGO များ နှစ်ဖက်စလုံးမှ ပံ့ပိုးပေးသည်။ အဓိက အစိုးရဝန်ဆောင်မှုပေးသည့် နေရာမှာ မဲဆောက် ဆေးရုံတွင် တည်ရှိသော One Stop Crisis Center (OSCC) ဖြစ်သည်။

One Stop Crisis Center (OSCC)

OSCC မဲဆောက်ဆေးရုံသည် အကြမ်းဖက်မှုကြောင့် အကျပ်အတည်း ဖြစ်နေသော ကလေးများ၊ အမျိုးသမီးများနှင့် မိသားစုများကို ကူညီရန်အတွက် ပြီးပြည့်စုံသော ဝန်ဆောင်မှု စင်တာတစ်ခုအဖြစ် ပံ့ပိုးပေးထားပါသည်။ စင်တာသည် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု၊ လူမှုရေးလုပ်ငန်း၊ စိတ်ကျန်းမာရေး၊ အကာအကွယ်နှင့် လူမှုဖူလုံရေး ဝန်ဆောင်မှုများတွင် ပြည့်စုံစွာ ပံ့ပိုးပေးပါသည်။ အကူညီများသည် ကလေးများ၊ အမျိုးသမီးများနှင့် မိသားစုများအား ဆေးရုံအတွင်းနှင့် ပြင်ပရှိ ဘက်စုံကျွမ်းကျင်သူများအဖွဲ့နှင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးပါသည်။

စင်တာသည် ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကို ခံစားခဲ့ရသည့် လူနာများ၊ ကလေးများနှင့် အမျိုးသမီးများအား အကူအညီပေး ပါသည်။ ၎င်းသည် အိမ်တွင်းအကြမ်းဖက်မှု၊ မမျှော်လင့်ထားသော ကိုယ်ဝန်ဆောင်ခြင်း၊ လူကုန်ကူးမှုဆိုင်ရာများတွင် ပံ့ပိုးကူညီမှုများ ပေးပါသည်။

CONTACT US

မဲဆောက်ဆေးရုံရှိ ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုပေးနေသော အရေးပေါ်ဌာနသို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။

အရေးပေါ်နံပတ်: 062-3107137 အကြံဉာဏ်ပေးခြင်း (သို့) အိမ်တွင်းအကြမ်းဖက်မှု ဖြစ်စဉ်များကို သတင်းပို့ရန်။

သတင်းအချက်လက်များရယူခြင်း၊ ဘေးကင်ရေး အစီအစဉ်များ ဖန်တီးခြင်း၊ ရရှိနိုင်သော အရင်းအမြစ် များကို အသုံးပြုခြင်းနှင့် ပံ့ပိုးကူညီသော ဆက်ဆံရေးကို မြှင့်တင်ခြင်းတို့သည် အရေးပေါ် အခြေအနေများတွင် လုံခြုံစွာနေနိုင်ရန် ကူညီပေးပါမည်။

Rights Beyond Borders is မှ ထုတ်ဝေသည်။

https://online.fliphtml5.com/sqcrb/lqmh/?fbclid=IwZXh0bgNhZW0CMTEAAR0vGyFoc3WsgyknLp_4eXT50qbOxN25YlI1kbBQ2xOJNRGlMpV5vakJs-U_aem_2qr2pfdDIW75Fh8XQNkNGw#p=1

#GengerinMigrationproject
#RightsBeyondBorder