
4 နှစ်အကြာတွင် RBB PFA ပံ့ပိုးမှုအစီအစဉ်ရလဒ်များ
RBB သည် MoPH ၏ Depression, Anxiety, and Stress (DAS) အကဲဖြတ်ခြင်းစနစ်အား အသုံးပြုပြီး မြန်မာနိုင်ငံမှ အသစ်ရောက်ရှိလာသောကလေးများနှင့် လူငယ်များ၏ စိတ်ကျန်းမာရေး အခြေအနေများအား စစ်ဆေး အကဲဖြတ်မှုများ လုပ်ဆောင်နေပါသည်။
2024 မှ 2025 ခုနှစ်အတွင်း၊ ကလေးနှင့်လူငယ် 528 ဦးသည် DAS အကဲဖြတ်မှုတွင် ဆန္ဒအလျောက်ပါဝင်ခဲ့ပြီး ပုံပါအချက်အလက်များသည် ရလဒ်များဖြစ်သည်။ ပြင်းထန်သော စိုးရိမ်မှုအဆင့်ရှိသော ကလေးများနှင့် လူငယ်များကို ကျွမ်းကျင်ပညာရှင်များမှ အကြံဉာဏ်ပေးခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။
PFA ပံ့ပိုးမှုအစီအစဉ်သည်လေးနှစ်ကြာပြီးနောက်၊ ကလေးများနှင့် လူငယ်များအတွက် အပြုသဘောဆောင်သော အပြောင်းအလဲအချို့အား ကျွန်ုပ်တို့ တွေ့ရှိခဲ့ရပါသည်။