
စိတ်ကျန်းမာရေးဇုန်များကို နားလည်ခြင်း
စိတ်ကျန်းမာရေးသည် တည်ငြိမ်နေသည့်အရာမဟုတ်ပေ။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသည် စိတ်ဖိစီးမှု၊ ဘဝဖြစ်ရပ်များနှင့် မိမိကိုယ်ကို မည်မျှဂရုစိုက်မှုအပေါ် မူတည်၍ ပြောင်းလဲသွားပါသည်။ ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပိုမိုကောင်းမွန်စွာနားလည်နိုင်ရန် ဇုန်သုံးခုဖြစ်သည့် မီးခိုးရောင်ဇုန်၊ အစိမ်းရောင်ဇုန် နှင့် အနီရောင်ဇုန် တို့ဖြင့်ခွဲခြား သိရှိနိုင်သည်။ မိမိရောက်ရှိနေသည့် ဇုန်အားမိမိကိုယ်တိုင် သိရှိ အသိအမှတ်ပြုခြင်းဖြင့် မိမိကျန်းမာရေးအတွက် မှန်ကန်သည့်ခြေလှမ်းများ လှမ်းနိုင်ရန် ခွန်အားအကူအညီဖြစ်စေပါသည်။
အစိမ်းရောင်ဇုန်
အစိမ်းရောင်ဇုန်သည် စိတ်ကျန်းမာရေး၏ အကောင်းဆုံးအခြေအနေဖြစ်သည်။ ဤဇုန်တွင် သင်သည် ဟန်ချက်ညီညီ၊ စိတ်ပိုင်းဆိုင်ရာ ထိန်းညှိမှုကို ခံစားရပြီး နေ့စဉ် စိတ်ဖိစီးမှုများကို ထိရောက်စွာ ကိုင်တွယ်နိုင်မည်ဖြစ်သည်။ စိတ်တည်ငြိမ်ခြင်း၊ စိတ်ကြည်လင်ခြင်း၊ စိတ်အားထက်သန်ခြင်း စိတ်အားထက်သန်ခြင်းနှင့် အာရုံစူးစိုက်နိုင်စွမ်းစသည့်ဖြင့် အပေါင်းလက္ခာဏာဆောင်သော ခံစားမှုများ ခံစားရပြီး ကြည်လင်လန်းဆန်းစေနိုင်မည့်အခြေအနေဖြစ်သည်။
အစိမ်းရောင်ဇုန်တွင်နေထိုင်နည်း သို့မဟုတ် အစိမ်းရောင်ဇုန်သို့ရောက်ရှိရန်နေထိုင်နည်း
– မိမိကိုယ်မိမိ ဂရုစိုက်ပါ (လေ့ကျင့်ခန်း၊ အိပ်ချိန်၊ အာဟာရ) ပုံမှန်ပြုလုပ်ပါ။
– ကောင်းမွန်သော လူမှုဆက်ဆံရေးများအားထိန်းသိမ်းပါ။
– သတိပဋ္ဌာန်နည်းများကို သုံးပါ (ဥပမာ၊ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှုခြင်း)
– အလုပ်နှင့် လူမှုဆက်ဆံရေးတွင် ကျန်းမာသော နယ်နိမိတ်များကို သတ်မှတ်ပါ။
– ဝါသနာ၊ တီထွင်ဖန်တီးမှုနှင့် သဘာဝအားဖြင့် ပျော်ရွှင်မှုကို ရှာပါ။
မီးခိုးရောင်ဇုန်
မီးခိုးရောင်ဇုန်သည် သင့်စိတ်၏ပုံမှန်ထက်ပိုမိုတိတ်ဆိတ်နေခြင်းဖြစ်သည်။ ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်မှု သို့မဟုတ် အဆက်အသွယ်ပြတ်တောက်ခြင်းစသည်ဖြင့်ခံစားရသော အခြေအနေတစ်ခုဖြစ်သည်။ အပေါ်ယံတွင် အရာအားလုံး အဆင်ပြေနေပုံရသည်ဖြစ်သောကြောင့် ၎င်းကို ချက်ချင်းသတိမထားမိနိုင်ပါ။ သို့သော် အတွင်းပိုင်းတွင်မိမိ၏စွမ်းအင် စိတ်နေစိတ်ထား သို့မဟုတ် အာရုံစူးစိုက်မှု အားနည်းနေမည်ဖြစ်သည်။
သင်သည် မီးခိုးရောင်ဇုန်တွင် ရှိနေကြောင်း လက္ခဏာများ-အနားယူပြီးသည့်တိုင် ပုံမှန်ထက်ပို၍ ပင်ပန်းနွမ်းနယ်နေခြင်း၊ပုံမှန်နှစ်သက်သောအရာများတွင် စိတ်ဝင်စားမှု သို့မဟုတ် လှုံ့ဆော်မှုဆုံးရှုံးခြင်း၊ စိတ်တိုလွယ်ခြင်း သို့မဟုတ် အခြားသူများအပေါ် စိတ်မရှည်ခြင်း၊ အာရုံစူးစိုက်မှုအားနည်းလာခြင်း၊ လူမှုရေးအရ နှုတ်ထွက်ခြင်း သို့မဟုတ် ဆက်သွယ်ရေးကို ရှောင်ကြဉ်ခြင်း၊ အလွန်အကျွံအိပ်ခြင်းနှင့် စိတ်ခံစားချက်ကင်းမဲ့နေခြင်းတို့ဖြစ်သည်။
မီးခိုးရောင်ဇုန်မှ အစိမ်းရောင်ဇုန်သို့ သို့ရောက်ရှိရန်နေထိုင်နည်း
– Screen time သို့မဟုတ် ဆိုရှယ်မီဒီယာအသုံးပြုမှုကို လျှော့ချပါ။
– သင့်ခံစားချက်ကို သူငယ်ချင်း သို့မဟုတ် ချစ်ရသူနှင့် ဆွေးနွေးပါ။
– စောစောအိပ်ရာဝင် အနားယူပါ။
– အာဟာရရှိသော အစားအစာများကို ပုံမှန်စားပါ။
– ကျန်းမာသော အလေ့အကျင့်တစ်ခုပုံမှတ်လုပ်ဆောင်ပါ (ဥပမာ- မနက်ခင်း လမ်းလျှောက်ခြင်း၊ )-
– တက်ကြွစေသောလေ့ကျင့်ခန်းများလုပ်ဆောင်ပါ။
– ရယ်စရာဟာသများကြည့်ပါ။
– စိတ်ခံစားချက်ကို မြှင့်တင်ပေးမယ့် ဂီတကို နားထောင်ပါ။
– ပျော်ရွှင်မှု သို့မဟုတ် ငြိမ်သက်မှုကို ဖြစ်စေသော သေးငယ်သော လှုပ်ရှားမှုကို ပြုလုပ်ပါ။
အနီရောင်ဇုန်
အနီရောင်ဇုန်သည် စိတ်ပိုင်းဆိုင်ရာ ပူပန်မှု သို့မဟုတ် ပင်ပန်းနွမ်းနယ်မှု မြင့်မားနေသည်ကို အချက်ပြသည့်ဇုန်ဖြစ်သည်။ သင်သည် စိတ်ပိုင်းဆိုင်ရာတွင် ဖိအားများခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခြင်းတို့ ခံစားရနိုင်သည်။ စိတ်တိုခြင်း၊ ဒေါသထွက်ခြင်း၊ ထိတ်လန့်ခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထုံကျဉ်ခြင်း၊ အကူအညီမဲ့၊ မျှော်လင့်ချက်မဲ့ သို့မဟုတ် အထီးကျန်ခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများ သို့မဟုတ် ဆုံးဖြတ်ချက်များ မချနိုင်ခြင်းတို့ဖြစ်နိုင်သည်။ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ (နှလုံးခုန်မြန်ခြင်း၊ အိပ်မပျော်ခြင်း စသည်ဖြင့်) ခံစားရခြင်း၊ မိမိကိုယ်ကို ထိခိုက်နစ်နာစေသော အတွေးများ သို့မဟုတ် မလုံခြုံသော ခံစားချက်ရှိခြင်းတို့ဖြစ်ပေါ်စေသည်။
အနီရောင်ဇုန်မှ အစိမ်းရောင်ဇုန်သို့ သို့ရောက်ရှိရန်နေထိုင်နည်း
– ကျွမ်းကျင်သောအကူအညီ (ကုထုံးဆရာ၊ အတိုင်ပင်ခံ) တို့၏အကူအညီအားရယူပါ။
– သင်ကြုံတွေ့နေရသည့်အရာများကို သင်နှင့်နီးစပ်သူအား အသိပေးပါ။
– အနားယူရန် “လုံခြုံသောနေရာ” ကိုဖန်တီးခြင်း။
– စိတ်တည်ငြိမ်စေရန် အသက်ရှုလေ့ကျင့်ခန်း သို့မဟုတ် Groundingလေ့ကျင့်ခန်းလုပ်ခြင်း။
ခံစားချက် စိတ်အခြေအနေအရ ဇုန်များကြား ရွှေ့ခြင်းသည် ပုံမှန်ဖြစ်သည်။ ဇုန်များကြား ရွေ့လျားခြင်းသည် လူသားဖြစ်ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိထားရန် အရေးကြီးပါသည်။ လူသားအားလုံးသည် စိတ်အခြေအနေ အတက်အကျဖြင့် နေစဥ်ဘဝအား ဖြတ်သန်းနေရသည်ဖြစ်သည်။ အဓိကမှာ သတိ နှင့် လုပ်ဆောင်မှုဖြစ်သည်။ လက္ခဏာများအားစောစီးစွာသတိထားမိပြီး အစိမ်းရောင်ဇုန်အတွင်းသို့ ပြန်လည်ရောက်ရှိရန် အလေ့အကျင့်များအားပြုလုပ်ရမည်ဖြစ်သည်။