Take It Down – အလိုမတူသော ဓာတ်ပုံ/ဗီဒီယိုများအား အွန်လိုင်းမှ ဖယ်ရှားနိုင်သော ဝန်ဆောင်မှု

Take It Downဆိုသည်မှာ လူအများသိတဲ့ National Center for Missing & Exploited Children (NCMEC) ဆိုတဲ့ အဖွဲ့အစည်းက တာဝန်ယူဖန်တီးထားတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်မှာ အရွယ်မရောက်သေးတဲ့လူငယ်များ၏ မိမိမလိုလားပဲပျံ့နှံ့သည့် ဓာတ်ပုံ/ဗီဒီယိုများအား အွန်လိုင်းမှဖယ်ရှား ပေးရန်ဖြစ်သည်။ Take It Downသည် ဟာ ၂၀၂၃ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ပြီး ၊ လူငယ်များ ရင်ဆိုင်ကြုံတွေ့နိုင်သည် non-consensual image sharing (ခွင့်ပြုချက်မရှိဘဲ ပေးပို့/မျှဝေခြင်း  revenge porn, သို့မဟုတ် child sexual abuse material (CSAM) စသည့် ပြဿနာများကို ဖြေရှင်းရန်ရည်ရွယ်ပါတယ်။ဒီ Project ကို Facebook, Instagram (Meta), OnlyFans, Yubo စသည့် နာမည်ကြီးအွန်လိုင်း platform များအပါအဝင် ကုမ္ပဏီများပံ့ပိုးထားပါသည်။

Take It Downကို အသုံးပြုချင်သူများအတွက် လုပ်ဆောင်ရမယ့်အဆင့်များမှာ:

  1. Website သို့ ဝင်ပါ

   www.takeitdown.ncmec.org  https://takeitdown.ncmec.org  ကို သွားပါ။

  1. မိမိရဲ့ ဓာတ်ပုံ/ဗီဒီယိုကို ဖိုင်အနေနဲ့ upload လုပ်ရန်မလိုပါ

မိမိဖုန်း/ကွန်ပျူတာထဲမှာတင် hash (ဒစ်ဂျစ်တယ်အမှတ်အသား) ဖန်တီးတာဖြစ်ပြီး၊ အမှတ်အသားကိုပဲ upload လုပ်ခြင်းဖြစ်သည်။

  1. Hash ဖန်တီးခြင်း

   Hash က ရုပ်ပုံကို အစားထိုးသုံးရသည့်Codeဖြစ်ပါသည်။ ထို့ကြောင့် မိမိပုံအား အမှန်တကယ် upload လုပ်ရန်မလိုပါ။ ကိုယ်ရေးကိုယ်တာ လုံခြုံမှုရှိပါသည်။

  1. ပူးပေါင်းထားသည့် Platform များအား Hash ပေးပို့ခြင်း။

   Facebook, Instagram, OnlyFans စတဲ့ Platform တွေသို့ ထိုHashအားပေးပို့ပြီး  ပျံ့နှံ့ခြင်းအား တားဆီးပေးပါသည်။

  1. Content ဖယ်ရှားခြင်း

   ဓာတ်ပုံ/ဗီဒီယို တင်ထားသူတစ်ဦးဖြစ်စေ၊ မျှဝေသူတစ်ဦးဖြစ်စေ၊ Hash တူတယ်ဆိုရင် Platform များက အဲ့ဒီဖိုင်ကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

အသက်၁၈ နှစ်အောက် မိမိ၏အလိုမတူသောပုံ/ဗီဒီယို တင်ခံရသူများ ကိုယ်တိုင်သော်လည်းကောင်း မိဘ/ကိုယ်စားလှယ်တစ်ဦးမှကူညီအသုံးပြုနိုင်ပါတယ်။၁၈ နှစ်အထက်သူများအတွက်တော့ https://stopncii.org မှာလည်း တူညီတဲ့ဝန်ဆောင်မှုရရှိနိုင်မည်ဖြစ်ပါသည်။

Take it Down ၏အားသာချက်များ

  • အမည်မဖော်ဘဲ အသုံးပြုနိုင်ခြင်း။
  • ဓာတ်ပုံ/ဗီဒီယိုကို အမှန်တကယ်upload လုပ်ရန်မလိုခြင်း။
  • အခမဲ့အသုံးပြုနိုင်ခြင်း။
  • အကြီးအမှူး tech company များ ပံ့ပိုးထားခြင်း။
  • NCMEC တာဝန်ယူပြီး လုံခြုံမှုမြင့်မားခြင်း။

အချို့ကန့်သတ်ချက်များ

  • တချို့သော ဝက်ဘ်ဆိုက်များမှာ သက်ဆိုင်ရာ Partner မဖြစ်လို့ ဖယ်ရှားဖို့ မဖြစ်နိုင်ပါ။
  • Offline နဲ့ တခြားနေရာတွင် မျှဝေထားတဲ့ ဖိုင်တွေကို မဖယ်ရှားနိုင်ပါ။
  • အကယ်၍ content ကို ပြန်တင်မှုနဲ့ စွဲကြဉ်မှုများရှိပါက သက်ဆိုင်ရာဥပဒေအရ ဆောင်ရွက်ရန် လိုအပ်နိုင်ပါတယ်။

Take It Downဝန်ဆောင်မှုသည် လူငယ်တွေအား မိမိရဲ့ ကိုယ်ရေးကိုယ်တာပုံများအတွက် အွန်လိုင်းမှ ပြန်လည်ထိန်းချုပ်သည့် အရေးကြီးတဲ့ နည်းလမ်းတစ်ခုဖြစ်ပါသည်။ မိမိမသဘောကျတဲ့အကြောင်းအရာတွေကိုဖယ်ရှားဖို့ လွယ်ကူပြီး လုံခြုံမှုရှိတဲ့နည်းလမ်းဖြစ်တာကြောင့် အသုံးပြုသင့်ပါတယ်။

ဝင်ရောက်အသုံးပြုရန်: https://takeitdown.ncmec.org