“ဖေဖော်ဝါရီ ၁၊ ၂၀၂၁ – မြန်မာနိုင်ငံအာဏာသိမ်းပြီး ၄ နှစ်အကြာ”

အာဏာသိမ်းပြီး (၄) နှစ်ကျော်ကာလ ကျော်လွန်သွားသော်လည်း မြန်မာနိုင်ငံတွင် ပဋိပက္ခများ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်သည်။ MRN သည် ထိုင်းနိုင်ငံ၏ တုံ့ပြန်မှု အပါအဝင် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အရေးကြီးသော ဖြစ်စဥ်အချို့အားအကျဉ်းချုပ် ဖော်ပြထားပါသည်။

2021ခုနှစ် (သက္ကရာဇ် 2564) – မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကြောင့် ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး တပြိုင်တည်းမှာပင် နိုင်ငံသားများအမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)များလည်ပေါ်ပေါက်ခဲ့ပါသည်။ တချိန်တည်းတွင်အစိုးရနှင့် တော်လှန်ရေးအဖွဲ့များကြား ပဋိပက္ခများ အရှိန်မြင့်လာသည်နှင့်အမျှ မြန်မာငွေကျပ်တန်ဖိုး သိသိသာသာ ကျဆင်းလာပြီး နိုင်ငံတွင်း ငွေကြေးဖောင်းပွမှု အခြေအနေကို ဖြစ်ပေါ်စေသည်။

2022ခုနှစ် (သက္ကရာဇ် 2565) – တိုက်ပွဲများ ဆက်လက်ပြင်းထန်လာကာ လူအများအပြားသေဆုံးခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်သို့ မြန်မာဒုက္ခသည်များ အဆက်မပြတ် ဝင်ရောက်လာသည်။ မြန်မာစစ်အစိုးရအားပြည်သူများမှလက်မခံနိုင်သည့် အဓိကအချက်သည်နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကြိုးမိန့်ပေး ကွပ်မျက်ခဲ့သည့် ဖြစ်ရပ်ဖြစ်ပြီး ဤဖြစ်ရပ်အပေါ် မြန်မာစစ်အစိုးရအား တကမ္ဘာလုံးမှ ရှုတ်ချမှုများရှိခဲ့သည်။

ဗကသ 2022 ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ဝန်ကြီးအဖွဲ့သည် ထိုင်းနိုင်ငံအတွင်း နေထိုင်သည့် နိုင်ငံခြားသားများအား နိုင်ငံတကာ အကာအကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းစဉ်ဖြစ်သည့် အမျိုးသား စီစစ်ရေးယန္တရား(National Screening Mechanism: NSM) ဆိုင်ရာ ဝန်ကြီးချုပ်၏ ကြေညာချက် မူကြမ်းဖြင့် အတည်ပြုခဲ့သည်။ ဖေဖော်ဝါရီလ 22 ရက်နေ့ 2023တွင် ညှဉ်းပန်းနှိပ်စက်မှု တားဆီးရေးနှင့် နှိမ်နင်းရေး ဥပဒေ ဘီအီး 2022အသက်ဝင်ခဲ့သည်။ ဤသည်မှာ ထိုင်းနိုင်ငံအနေဖြင့် မူကြမ်းအားပြဋ္ဌာန်းခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ထိခိုက်နစ်နာမှုများကို ရင်ဆိုင်ကြုံတွေ့နိုင်သောနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခြင်း မပြုသင့်မူ (Non-Refoulement) သည်ထိုင်းနိုင်ငံ၏ပြည်တွင်းဥပဒေတစ်ရပ်ဖြစ်လာသည်။

2023 (2566) : ရခိုင်ပြည်နယ်တွင် ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်း 5,000ကျော် အိုးအိမ်များဆုံးရှုံးခဲ့ရပါသည်။ နောက်ပိုင်းတွင် မြန်မာစစ်တပ်က ပြည်တွင်းနေရပ်စွန့်ခွာသူများခိုလှုံရာစခန်း(IDPCamp) အား ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူအယောက် ၃၀ (ကလေး ၁၃ ဦး) အသက်ဆုံးရှုံးခဲ့ရသည်။

2023 ခုနှစ် အောက်တိုဘာလတွင် ရှမ်းပြည်မြောက်ပိုင်း၌ 1027 စစ်ဆင်ရေး စတင်ခဲ့သည်။ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ်မှ နယ်မြေများကို သိမ်းပိုက်နိုင်ခဲ့သည်။ ဤဖြစ်စဥ်ကြောင့် လူပေါင်း ၅၀၀၀ကျော်သောပြည်သူများသည် ပြည်တွင်းတွင်သာမက ပြည်ပသို့ပါ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။

2024ခုနှစ် (သက္ကရာဇ် 2567) – မြန်မာစစ်အစိုးရသည် စစ်မှုထမ်းဥပဒေ(Conscription Law)အားပြဌာန်းခဲ့သည်။ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသားလူငယ်များအား စစ်မှုထမ်းစေပြီး သတ်မှတ်ထားသော အသက်အရွယ်တွင်းပါဝင်သော အမျိုးသမီးများအားလည်း စစ်မှုထမ်းခိုင်းစေခြင်းများထိုပြဌာန်းချက်တွင်ပါဝင်ခဲ့သည်။ ဤစစ်မှုထမ်းဥပဒေသည် ရှောင်လွှဲ၍မရ၊ လာဘ်ပေးလာဘ်ယူလုပ်၍မလွတ်မြောက်နိုင်ခြင်း၊ လူစားထိုး၍ မရနိုင်ပါ။ ပေါ်တာဆွဲခြင်းများ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခံရခြင်းစသည့်ဖြစ်ရပ်များသည် ၂၀၂၄ခုနှစ်မှစ၍ ၂၀၂၅ခုနှစ်အထိ   ဖြစ်နေဆဲဖြစ်သည်။ ထိုဖြစ်ရပ်များသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုပြင်းထန်းလာသည်။

ဤအချက်အလက်များသည် (Myanmar Response Network: MRN) ၏ “မြန်မာနိုင်ငံအတွင်းအာဏာသိမ်းပြီး ၄ နှစ်အကြာ မတည်ငြိမ်သော နိုင်ငံရေးကာလ အသစ်ရောက်ရှိလာသော မြန်မာဒုက္ခသည်အသစ်များ၏အနာဂတ်” အစီရင်ခံစာမှ ခြုံငုံသုံးသပ်ချက်များဖြစ်ပါသည်။ MRN အနေဖြင့်ဥပဒေအကြံပြုချက်များ ပေးခဲ့ပြီး ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေနှင့် မူဝါဒများသည် ဒုက္ခသည်များအားလက်ခံထားရှိရန်နှင့် ကာကွယ်ရန် လုံလောက်မှုမရှိကြောင်း ညွှန်ပြထားသည်။ ထိုင်းနိုင်ငံမှ ဒုက္ခသည်အရေးဖြေရှင်းလိုသည့် ဆန္ဒအား သင့်လျော်သောဥပဒေ၊မူဝါဒများနှင့် အဖက်ဖက်မှပူးပေါင်းဆောင်ရွက်မှုများဖြင့် ဒုက္ခသည်များ၏ အခွင့်အရေးနှင့်ကာကွယ်မှုများအား ဘက်ပေါင်းစုံမှထောက်ပံ့ပေးခြင်းဖြင့် ဖော်ပြသင့်သည်။

https://www.facebook.com/share/p/15YCYMHGfk/