၂၀၂၅ ခုနှစ်အတွက် ဆိုင်ကယ်ဦးထုတ် ဥပဒေ

ထိုင်းနိုင်ငံရဲတပ်ဖွဲ့ချုပ် (Royal Thai Police) မှ လမ်းပေါ်ဘေးကင်းလုံခြုံရေးစီမံကိန်း (Safe Roads Project)ကို ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက် မှစတင်အကောင်အထည်ဖော်လိုက်ပါသည်။

 ဥပဒေပါအကြောင်းအရာများမှာ

မော်တော်ဆိုင်ကယ်မောင်းသူများသာမက နောက်မှလိုက်ပါစီးနင်းသူ များလည်း လုံခြုံရေးဦးထုတ်ဝတ်ဆင်ရန် ဥပဒေအရ တင်းကြပ်စွာ သတ်မှတ်လိုက်သည်။

လမ်းမ၊ ပတ်ဝန်းကျင်၊ ခရီးတို/ရှည် မရွေး မည်သည့်နေရာတွင်မဆို လုံခြုံရေးဦးထုတ်မပါလျှင် ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်သည်။

ဒဏ်ကြေးများ

လုံခြုံရေးဦးထုတ်မဝတ်ထားပါက တစ်ဦးလျှင် ၂၀၀၀ ဘတ်အထိ ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်သည်။

မောင်းသူနဲ့နောက်မှလိုက်ပါစီးနင်းသူနှစ်ဦးလုံး မဝတ်ပါက ဒဏ်ငွေ၄၀၀၀ ဘတ် အထိ ပေးဆောင်ရမည်ဖြစ်သည်။

တင်းကြပ်စစ်ဆေးမည့်နေရာများ

 – လူသွားလူလာများသော  လမ်းမများ

 – မတော်တဆမှုများ မကြာခဏဖြစ်သောနေရာများ

 – ကျောင်းနှင့် တက္ကသိုလ်နယ်မြေများ

ထိုင်းနိုင်ငံတွင် မော်တော်ဆိုင်ကယ်မတော်တဆမှုများကြောင့် သေဆုံးမှုအများဆုံးဖြစ်နေပြီး  လုံခြုံရေးဦးထုတ်ဝတ်ဦးဆင်ထားခြင်းကြောင့် ဦးခေါင်းထိခိုက်မှု အန္တာရာယ်မှ  ၇၂% လျှော့ချနိုင်မည်ဖြစ်သည်။ယခုဥပဒေပြောင်းလဲမှုကြောင့် ၄၀% ထိ သေဆုံးမှုလျော့နည်းလာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

သတင်းပေးပို့ရန် Hotline

ယာဉ်ထိန်းတပ်ဖွဲ့ (Traffic Police): 1197

လမ်းမကြီးရဲတပ်ဖွဲ့ (Highway Police): 1193