
ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များအတွက် MRNကွန်ရက် အစည်းအဝေး
2025 ခုနှစ် ဇန်နဝါရီလ 27 ရက်နေ့တွင် Myanmar Response Network (MRN) မှ ထိုင်းနိုင်ငံတွင် မြန်မာဒုက္ခသည်အသစ်များအား အကာအကွယ်ပေးရေး မူဝါဒနှင့် ဥပဒေပြန်လည်သုံးသပ်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ ပညာရပ်ဆိုင်ရာဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ပါသည်။ ကျွမ်းကျင်သူများ၊ ပညာရှင်များ၊ မူဝါဒချမှတ်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံရှိ ဒုက္ခသည်အသစ်များနှင့် ပတ်သက်သည့် မူဝါဒများနှင့် ဥပဒေများကို ပြင်ဆင်ရန်နှင့် ဒုက္ခသည်များ ကာကွယ်ရေးကို ပိုမိုထိရောက်စေရန် တည်ဆဲဥပဒေစနစ်ကို ပြုပြင်ပြောင်းလဲခြင်းဖြင့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅၄,၀၀၀ ကျော် နယ်စပ်ကိုဖြတ်ကျော်၍ ထိုင်းနိုင်ငံထဲသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ ။ ဤအကျပ်အတည်းကို ရင်ဆိုင်ရန်အတွက် အဖွဲ့အစည်း ခြောက်ခုဖြစ်သည့် Asylum Access Thailand (AAT)၊ Burma Concerns (BC)၊ Human Rights and Development Foundation (HRDF)၊ Jesuit Refugee Services (JRS)၊ Rights Beyond Border (RBB) နှင့် Spirit in Education Movement (SEM) တို့သည် တရားဥပဒေဆိုင်ရာ အကူအညီများ၊ မူဝါဒရေးရာ လှုံ့ဆော်မှုများနှင့် ဒုက္ခသည်များအတွက် လူမှုအကာအကွယ်ပေးရေးတို့အတွက် ရည်ရွယ်သည့် MRN ကွန်ရက်ကို ဖွဲ့ စည်းခဲ့ကြသည်။
ဤအခြေအနေသည် မြန်မာနိုင်ငံရှိ နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ထင်ဟပ်စေရုံသာမက၊ ပိုမိုရှုပ်ထွေးပြီး စိန်ခေါ်မှုရှိသော ဒုက္ခသည်ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် ထိုင်းနိုင်ငံအတွက် အဓိကစမ်းသပ်မှုတစ်ခုလည်းဖြစ်သည်။ တက်ကြွလှုပ်ရှားသူများကိုသတ်ဖြတ်ခြင်းမှ စတင်၍ အကြမ်းဖက်မှုများပိုမိုပြင်းထန်လာခဲ့သည် ။ ၎င်းသည် ၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းအပြီးတွင် ၂၀၂၄ ခုနှစ်တွင် တပ်မတော်မှ ပြည်သူများအား လက်နက်ကိုင်ဆောင်ရန် အတင်းအကြပ် စေခိုင်းသော စစ်ဘက်ဆိုင်ရာ ဥပဒေမူကြမ်းကို ထုတ်ပြန်ခဲ့သည်။ ၃,၄၀၀ ကျော် နီးပါး နေ့စဉ်လေကြောင်း တိုက်ခိုက်မှု များခံနေရပြီး ထောင်နှင့်ချီသောပြည်သူများသည် ဘေးကင်းရန်နေရပ်စွန့်ခွာ၍ ထိုင်းနိုင်ငံသို့ ထွက်ပြေး ခဲ့ကြရသည်။
RBB ၏ ထိုင်းနိုင်ငံရှိ ဒုက္ခသည်များ၏ နေရေးထိုင်ရေးဆိုင်ရာ စစ်တမ်းအရ ၎င်းတို့သည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရပြီး 80%သော ပြည်သူတို့သည် ၎င်းတို့၏ကိုယ်ပိုင်နေရာထိုင်ခင်းကို ငှားရမ်းရသော်လည်း 7% ကသာ ကိုယ်ပိုင်အိမ်လခကို ပေးဆောင်နိုင်ကြသည်။ အံ့သြစရာကောင်းသည်မှာ 77%သောသူတို့သည် စာရွက်စာတမ်းမရှိသဖြင့် တရားဝင်အလုပ်မလုပ်ကိုင်နိုင်ဘဲ 7% သာအလုပ်လုပ်နိုင်ခြင်းဖြစ်သည်။ အများစုမှာ ဆောက်လုပ်ရေးကဏ္ဍတွင် လုပ်ကိုင်ကြသည်။ ဤအခြေအနေသည် ဒုက္ခသည်များကို ထိခိုက်လွယ်စေပြီး ခေါင်းပုံဖြတ်ခံရမည့် အန္တရာယ်ရှိစေသည်။
အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံသည် ဒုက္ခသည်များအား ပြုစုစောင့်ရှောက်ရန် ကြိုးပမ်းမှုများမှာ တိုးတက်မှုနှင့် ကန့်သတ်ချက်များ နှစ်ခုလုံးရှိလာသည်။ တိုးတက်မှုအတွက် နယ်စပ်တစ်လျှောက်တွင် ယာယီဘေးကင်းလုံခြုံရေးနယ်မြေငါးခုကို ထူထောင်ထားသည်။ တိုက်ပွဲများမှ ထွက်ပြေးလာသည့် ဒုက္ခသည်များကို ပံ့ပိုးကူညီရန် အမျိုးသား စိစစ်ရေး ယန္တရား (NSM) ကို ဖော်ထုတ်ပြီး အကာအကွယ်ပေးနိုင်ရန် ကြိုးပမ်းမှုများ လုပ်ဆောင်နေသော်လည်း လိုအပ်နေသော ကန့်သတ်ချက်များ ရှိနေသေးသည်။ အထူးသဖြင့် ထိုင်းနိုင်ငံသည် ဒုက္ခသည်များ အဆင့်အတန်းနှင့် သက်ဆိုင်သည့် 1951 ကွန်ဗင်းရှင်းတွင် ပါဝင်ခြင်းမရှိသေးသောကြောင့် ဒုက္ခသည်များ အဆင့်အတန်းနှင့် သက်ဆိုင်သည့် 1967 Protocol တွင် ဒုက္ခသည်များ အကာအကွယ်ပေးရေး အတွက် ရှင်းရှင်းလင်းလင်း ဥပဒေမူဘောင် မရှိသေးခြင်းဖြစ်သည်။
လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်မှု အတိုင်းအတာတွင် တစ်ပြိုင်နက်လုပ်ဆောင်ရန် လိုအပ်သည်။ ဒုက္ခသည်များအားတရားဝင် အလုပ်လုပ်နိုင်ရန် အခွင့်အလမ်းများ ပေးခြင်း၊ မည်သည့်အခြေအနေတွင်မဆို မူလတန်းမှ အဆင့်မြင့်ပညာရေးအထိ ပညာသင်ကြားခွင့်ရရှိခြင်း၊ အခြေခံကျန်းမာရေးဝန်ဆောင်မှုများအားလက်လှမ်းမီခြင်း၊ ဒုက္ခသည်များနှင့် ဒေသခံလူထုများကြား အတူယှဉ်တွဲနေထိုင်ရေးကို မြှင့်တင်ပေးခြင်း အဆိုပါ လုပ်ဆောင်ချက်များသည် ဒုက္ခသည်များ၏ လူနေမှုဘဝ တိုးတက်စေရုံသာမက အစိုးရရဲ့ ဝန်ထုပ်ဝန်ပိုးများအား လျှော့ကျစေနိုင်ပြီး ဒေသအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တက်စေနိုင်ပါသည်။
လူ့အခွင့်အရေး ကျွမ်းကျင်သူများသည် ပြဿနာများအား ဘက်ပေါင်းစုံမှ ကြည့်ရန် အရေးကြီးကြောင်း အလေးပေး ပြောဆိုကြသည်။ အထူးသဖြင့် ဒုက္ခသည်များ၏ ခေါင်းပုံဖြတ်ခြင်းကို တားဆီးရန် လုပ်ဆောင်ချက်မဆို ကဏ္ဍအားလုံး၏ ပွင့်လင်းမြင်သာမှုနှင့် ပူးပေါင်းပါဝင်မှုအပေါ် အခြေခံသင့်သည်။ အထူးသဖြင့် ဒုက္ခသည်များအား ကာကွယ်စောင့်ရှောက်ရာတွင် အတွေ့အကြုံနှင့် ကျွမ်းကျင်မှုရှိသော UNHCR ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သင့်ပါသည်။
အနာဂတ် လုပ်ငန်းဆောင်ရွက်မှု ချဉ်းကပ်မှုများသည် အရပ်ဘက်အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းများအကြား ရေရှည်တည်တံ့သော ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ခြင်းအပေါ် အာရုံစိုက်သင့်သည်။ အလုပ်အတွက် သက်သေအခြေခံ ချဉ်းကပ်နည်းများကို ဖော်ဆောင်ခြင်း၊ မြင်သာထင်သာရှိသော မူဝါဒအပြောင်းအလဲများကို မြှင့်တင်ပေးခြင်း စသည်တို့သည် ထိရောက်ပြီး ရေရှည်တည်တံ့သော ဒုက္ခသည် ကာကွယ်ရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စေမည့် မျှော်လင့်ချက်ဖြစ်သည်။
ဒုက္ခသည်ပြဿနာကို ဖြေရှင်းခြင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွက် တုံ့ပြန်မှုတစ်ခုသာမကနိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အဖွဲ့ဝင်တစ်ယောက်အနေဖြင့် ထိုင်းနိုင်ငံ၏တာဝန်အား သရုပ်ပြဖော်ပြခြင်းလည်း ဖြစ်ပါသည်။ အနာဂတ် လူသားချင်းစာနာမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်
မြန်မာနိုင်င်သားများ၏ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးစနစ် ပိုမိုတိုးတက်ခိုင်မာအားကောင်းလာစေရန် အခွင့်အလမ်းတစ်ခုဖြစ်ရန် MRN မှ ရိုးသားစွာ မျှော်လင့်ပါသည်။ ဤ နှီးနှောဖလှယ်ပွဲသည် အစိုးရနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအကြား ကဏ္ဍအားလုံးတွင် ရေရှည်တည်တံ့သော ပူးပေါင်းဆောင်ရွက်မှုကို ဖန်တီးရန် အစပျိုးသွားမည်ဖြစ်ပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများ ဒုက္ခသည်များကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သော မူဝါဒများနှင့် ဥပဒေများ ရေးဆွဲရန်နှင့် နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ၊ အနာဂတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရာတွင် နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်နေချိန်တွင် MRN အနေဖြင့် အဖွဲ့အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ငြိမ်ပြီး ရေရှည်တည်တံ့သော ဒုက္ခသည် ကာကွယ်ရေးစနစ်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ယုံကြည်သည်။ ထိုကဲ့သို့အခြေအနေများသည် ဒုက္ခသည်များ၏ လူနေမှုဘဝနှင့် ထိုင်းလူ့အဖွဲ့အစည်းကြား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စေမည်ဖြစ်သည်။
Asylum Access Thailand(AAT)
Burma Concern (BC)
Jesuit Refugee Service – JRS Thailand
JRS Asia Pacific Region
Rights Beyond Border (RBB)
Spirit in Education Movement (SEM)