
မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများအပေါ် အမေရိကန်အကူအညီ ရန်ပုံငွေဖြတ်တောက်မှု သက်ရောက်မှု
ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၅ ရက်စွဲပါ အမေရိကန် နိုင်ငံခြားအကူအညီများ ပြန်လည်အကဲဖြတ်ခြင်းနှင့် ပြန်လည်ချိန်ညှိခြင်းဆိုင်ရာ အမှုဆောင်အမိန့်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများနှင့် ကမ္ဘာတစ်ဝှမ်းရှိ လိုအပ်နေသူများ၏ နေ့စဉ်ဘဝများကို ကြီးမားစွာ အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ရန်ပုံငွေထောက်ပံ့မှု ချက်ခြင်းရပ်လိုက်ခြင်းသည် အသက်ရှင်သန်ရေး၊ အကာအကွယ်ပေးရေး၊ ကျန်းမာရေးဝန်ဆောင်မှု၊ ပညာရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အမေရိကန်၏ နိုင်ငံခြားရေးအကူအညီကို မှီခိုနေရသော ထိခိုက်လွယ်သော လူဦးရေအတွက် သိသာထင်ရှားသော သက်ရောက်မှုများ ရှိခဲ့သည်။ ထိုင်းနိုင်ငံသည်လည်း ဤဆိုင်းငံ့မှုဒဏ်ကို ခံခဲ့ရပြီး ရက် 90 ကြာ ပြန်လည်သုံးသပ်မှုကာလ ပေါ်ပေါက်လာသည်နှင့်အမျှ ဆင်းရဲနွမ်းပါးသူများ အထူးသဖြင့် ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများ၏ ဘဝနေထိုင်မှုအပေါ် ချက်ချင်းသက်ရောက်မှုများသည် ပြင်ထန်အဆင့်တွင် ရှိနေပါသည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနေသည့် နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ (IRC) သည်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ပထမဆုံးနှင့် အရေးကြီးဆုံးသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ယင်းသည် အငြင်းပွားဖွယ်ဖြစ်လာပြီး နယ်စပ်ကျန်းမာရေးကဏ္ဍမှ တာဝန်ရှိသူများက ယခုအကူးအပြောင်းကာလတွင် ကျန်းမာရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်နိုင်ခြေရှိသော အဖြေအားရှာဖွေဖော်ထုတ်ရန် အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း ထိုထိခိုက်မှုများသည် စခန်းတွင်းရှိ ဒုက္ခသည်များသာမက 2021 ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ အတင်းအကျပ် ရွှေ့ပြောင်းနေထိုင်သူများလည်း ပါဝင်သည်။
ဖေဖော်ဝါရီတွင် Rights Beyond Border – Myanmar Response Network (MRN) မှ မဲဆောက်ရှိ ရွှေ့ပြောင်း သင်ကြားရေးစင်တာများ၊ ထိုင်းပြည်တွင်းအဖွဲ့အစည်းများ မြန်မာ CSO များ နှင့် ၎င်းတို့၏ ကျောင်းနှင့် ပရိုဂရမ်များအပေါ် အမေရိကန်၏ ရန်ပုံငွေ ဖြတ်တောက်မှုအား သက်ရောက်မှုအပေါ် ပြောကြားခဲ့ပါသည်။ အထူးသဖြင့် ပညာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် ကျန်းမာရေးဝန်ဆောင်မှုများတွင် ရန်ပုံငွေဖြတ်တောက်မှုများကြောင့် အချို့သောကျောင်းများသည် အမေရိကန်ပြည်ထောင်စုမှ ထောက်ပံ့ငွေလက်ခံရရှိသူများအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ရလဒ်များက သက်သေပြခဲ့သည်။ တာ့ခ်ခရိုင်ရှိ ရွှေ့ပြောင်းသင်ကြားရေးစင်တာ 63ခုတွင် ရွှေ့ပြောင်းနေထိုင်သူများ အသစ်ရောက်ရှိ လာသော ကလေးငယ်များ နှင့် လူငယ် 18,000 ခန့်ရှိပြီး လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ရပ်ဆိုင်းထားခြင်းကြောင့် ထိခိုက် နိုင်မည်ဖြစ်သည်။ ဤအရေးကြီးသော ကာလတွင် ကျောင်းအများအပြားသည် အရင်းအမြစ် များအား စုဆောင်းနိုင်သော်လည်း ရွှေ့ပြောင်းနေထိုင်သူများ အသစ်ရောက်ရှိသော ကလေးငယ်များနှင့် လူငယ်များကို ထောက်ပံ့ရန် ရေရှည်လုပ်ငန်းဆောင်တာအတွက် အာမခံချက်မရှိပါ။
မြန်မာနှင့် ထိုင်း CSO များသည် ရွှေ့ပြောင်းနေထိုင်သူများနှင့် ခိုလှုံခွင့်ရှာဖွေသူအသစ်များအတွက် ပံ့ပိုးပေးသည့် ဝန်ဆောင်မှုများကို ထည့်သွင်းစဉ်းစားခြင်းဖြင့် အမေရိကန်၏ ရန်ပုံငွေဖြတ်တောက်မှုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် ကျားမရေးရာအခြေခံအကြမ်းဖက်မှု ကာကွယ်ရေးတို့အား ကြီးမားစွာ သက်ရောက်မှုရှိသည်။ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ အသစ်များအတွက် နေရပ်၊ အရေးပေါ်စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုကဲ့သို့သော အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းအချို့သည် ရက် 90 ကြာ ပြန်လည်သုံးသပ်ပြီးနောက် ၎င်းတို့၏ အခြေအနေကို စိုးရိမ်မှုရှိနေကြသည်။ 2021 ခုနှစ် မြန်မာအာဏာသိမ်းမှုဒဏ်ခံရသော ရွှေ့ပြောင်းဒုက္ခသည်များကို ထိုင်းနိုင်ငံက အသိအမှတ်မပြုသောကြောင့် အစိုးရနှင့် ဆွေးနွေးမှုများတွင် ပါဝင်ရန် ခက်ခဲမှုများရှိသည်။
ဒုက္ခသည်လက်ခံသည့်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံသည် ကမ္ဘာတဝှမ်းရှိ အမေရိကန်၏ နိုင်ငံခြားအကူအညီဖြတ်တောက်မှုကြောင့် နက်ရှိုင်းသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် စီးပွားရေးပြတ်တောက်မှုများဖြစ်နိုင်ချေကို ဖြေရှင်းရန် ရေတိုနှင့် ကာလလတ် မဟာဗျူဟာများကို ဖော်ထုတ်ရမည်ဖြစ်သည်။ ထိုင်းအစိုးရနှင့် ၎င်းတို့၏ မဟာမိတ်များက ဒုက္ခသည်များနှင့် အိုးအိမ်မဲ့ ဒုက္ခသည်များ၏ လတ်တလော လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ယာယီ အရေးပေါ် ကယ်ဆယ်ရေး စီမံချက်ကို ချမှတ်သင့်သည်။