ဆောင်းပါးအားလုံး
ကလေးသူငယ်အခွင့်အရေး ပုဒ်မ၂၂ နှင့်စပ်လျှဥ်း၍ ထင်မြင်ယူဆချက်များနှင့် CRC စာချုပ်ပါအချက်အလက်များကွာဟချက်
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ် 22 မှ နှုတ်ထွက်ခြင်း သို့မဟုတ် ကြိုတင် ကန့်သက်ချက်အား ရုပ်သိမ်းခြင်း။ ထင်မြင်ယူဆချက် (၁) နိုင်ငံတော်အနေနှင့် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်တောင်းသည် ကလေးများအား နိုင်ငံသားဖြစ်ခွင့်ပေးရမယ်။ စာချုပ်ပါအချက်အလက် ပုဒ်မ 22 သည် ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသည့် ကလေးသူငယ်များအား တရားဝင် အဆင့်အတန်း ပေးအပ်ရန် နိုင်ငံတော်က တာဝန်မရှိပေ။ [...]
ကျောင်းပြင်ပပညာရေး (ကောစောနော)
ထိုင်းနိုင်ငံရှိကျောင်းပြင်ပရောက် လူကြီး နှင့် လူငယ် များအတွက် ကျောင်းပြင်ပပညာရေး (Non-formal education) အရေးပါသောနေရာမှ အထောက်အကူပြုပေးနေပါသည်။ ကောစောနော ထိုင်းကျောင်းပြင်ပ ပညာရေးစနစ်သည် ပထမစာသင်နှစ်၂နှစ်ပြီးမြောက်ပါက ၆တန်းအောင်မည်ဖြစ်ပြီး စာသင်နှစ် ၄နှစ် ပြီးမြောက်ပါက ၉တန်းအောင်မည်ဖြစ်ပါသည် ၆နှစ်ထိတက်ရောက်ပြီးမြောက်သူသည် ၁၂တန်းအောင်မြင်မည်ဖြစ်ပြီး တက္ကသိုလ်ပညာရေးအားဆက်လက်တက်ရောက်နိုင်ပါသည်။ ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် ကျောင်းပြင်ပ ပညာရေး ကောစောနောအား စိတ်ပါဝင်စားပါက ကျောင်းအပ်ရန်လိုအပ်ချက်များမှာ အောင်ပါအတိုင်းဖြစ်ပါသည်။ [...]
အသစ်ရောက်ရှိလာသူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ (Migrant Fund)
လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံသူ/သားများအနေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ဝင်ရောက်မှုနှုန်းပိုမိုတိုးတက်လာခဲ့သည်။ ထိုင်းနိုင်ငံသည် ၁၉၅၁ ဒုက္ခသည်သဘောတူစာချုပ်ကို လက်မှတ်မရေးထိုးထားသည့်နိုင်ငံဖြစ် သောကြောင့် ဒုက္ခသည်များရရှိနိုင်သည့် အခွင့်အရေးများအားတရားဝင်အခြေအနေပေးဆောင်ရန် ဥပဒေများမရှိပါ။ ထို့သို့ဝင်ရောက်လာသူများအနက် မဲဆောက်မြို့အတွင်း တရာဝင်အခြေမနေမရှိဘဲ ဝင်ရောက်လာသူများသည် ကျန်းမာရေးစောင့်ရှောက်သည့် ဝန်ဆောင်မှုများအတွက် M-Fund ကဒ်အားပြုလုပ်ထားနိုင်ပါသည်။ M-Fundကျန်းမာရေးဆေးဝန်ဆောင်မှုသည် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းနေထိုင်သူများအတွက် အခကြေးငွေအနည်းငယ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးသော [...]
One Stop Crisis Center (OSCC)
မဲဆောက်ဆေးရုံရှိ OSCC သည် လိင်ပိုင်းဆိုင်ရာနှင့် ကိုယ်ထိလက်ရောက် မတော်မတရားပြုကျင့်ခံရသည့် ကလေးနှင့် အမျိုးသမီးများအတွက် အကာအကွယ်ပေးရေး ဝန်ဆောင်မှုများကိုဆောင်ရွက်လျက်ရှိသည်။ ထိုင်းနှင့် ထိုင်းမဟုတ်သော ကလေးများအတွက် ဝန်ဆောင်မှုများကို ရရှိနိုင်ပါသည်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသော ကလေးသူငယ်များနှင့် အမျိုးသမီးများ၊ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် အသက် ၁၅ နှစ်အောက် ကလေးများနှင့် မိသားစုဝင်များထံမှ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ခံခဲ့သော [...]
ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်
ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက် အကြောင်းအရာ ။ ။ ထိုင်းနိုင်ငံသို့ရွှေ့ပြောင်းလာသူများအတွက် နိုင်ငံတော်တွင် ပညာသင်ကြားခြင်း (သို့) ပညာသင်ကြားရင်းအလုပ်လုပ်ခြင်းနှင့်ပတ်သက်သည့် အထူးကိစ္စ။ ကိုဗစ် - ၁၉ ကြောင့် ထိုင်းနိုင်ငံ၏စီးပွါးရေးများစွာထိခိုက်ခဲ့သည်။ ထို့ကြောင့် ထိုင်းအစိုးရအနေဖြင့် စီးပွါးရေးကိုမြှင့်တင်ရန် ရွှေ့ပြောင်းပညာသင်ကြားလိုသူ (သို့) ပညာသင်ကြားရင်းအလုပ်လုပ်လိုသူများအား အဆင့်မြင့်ပညာရေး အခွင့်အလှမ်းများ ဖန်တီးပေးခြင်းဖြင့် ထိုင်းနိုင်ငံအတွက် အကျိုးစီးပွါးရှိပြီး စီးပွါးရေးတိုးတက်အောင်လဲ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ထိုင်းသက္ကရာဇ် ၂၅၂၂ (၁၉၇၉) ခုနှစ် [...]