ထိုင်းနိုင်ငံအတွင်းရှိလိမ်လည်မှုများ
ငွေရေးကြေးရေး လိမ်လည်မှုများသည် ယခုကာလမှရှိလာသည်မဟုတ်ဘဲ လူမှုအဖွဲ့အစည်းနှင့် ဒွန့်တွဲလာသည်မှာကြာပြီဖြစ်သည်။ လိမ်လည်နည်းများသည်လည်း ခေတ်ကာလနှင့် အညီပြင်ပြီး အသုံးပြုနေသည့် လိမ်လည်အကွက်များသာဖြစ်ပြီး အဓိက ရည်ရွယ်ချက်မှာ သားကောင်တွေဆီမှ ငွေလိမ်လည်ယူရန်ဖြစ်သည်။ ငွေရေးကြေးရေး လိမ်လည်မှုများ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် လိမ်လည်မှုများအား အထူးသတိထားရမည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံအတွင်း လိမ်လည်မှုဖြစ်ရပ်များအား ဥပမာအမျိုးမျိုးဖြင့် ဖော်ပြပါမည်။ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်၏လိမ်လည်မှုများ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုဒ်များသည် ကံစမ်းခြင်းနှစ်သက်ကြသော လောင်းကစားသမားများကြားတွင် အလွန်ရေပန်းစားသည်။ ယနေ့တွင် လူပေါင်း 4-5 သန်းအထိရှိပြီးအများစုမှာ စလော့နှင့်ခါဘာလာကို ကစားကြပြီး အွန်လိုင်း လောင်းကစားဝက်ဘ်ဆိုဒ်လုပ်ငန်းသည် ထိုင်းနိုင်ငံပြည်တွင်းနှင့် ပြည်ပ တွင်ပါရှိသည်။ ထိုင်းနိုင်ငံအတွင်းမှာမူ ကွန်ဒို၊ အငှားအိမ်များတွင် လုပ်ငန်းလည်ပတ်ကြပြီး တစ်ခါတစ်ရံ လုပ်ငန်းပိုင်ရှင တစ်ဦးမှ ကွန်ဒိုအထပ်များစွာငှားရမ်းပြီး [...]