ယာဉ်စည်းကမ်းလမ်းစည်းကမ်း : ထိုင်းနိုင်ငံအတွင်း ဘေးကင်းစွာနှင့် တရားဥပဒေနှင့်ကိုက်ညီစွာ ယာဉ် မောင်းခြင်း/စီးနှင်ခြင်း
1.ဘာကြောင့် မူးလျှင် ယာဉ်မမောင်းသင့်ပါသလဲ။ အာရုံကြောစနစ်မှာ ပုံမှန်လို အလုပ်မလုပ်တော့ပါ။ မူးယစ်ခြင်း ခေါင်းမူးခြင်း ခေါင်းကိုက်ခြင်းတို့ဖြစ်စေသည့်အတွက် ယာဉ်မောင်းရာတွင် အာရုံစူးစိုက်မှု လျော့ကျစေသည်။ ရှေ့တွင်ဖြစ်လာမည့်အရာများအား မှန်းဆနိုင်မှုလျော့ကျလာပြီး ယဉ်တိုက်မှုအတွက် တုန့်ပြန်မှု လျော့နည်းလာသည်။ ဦးနှောက်၏ တုန့်ပြန်မှုလျော့နည်းလာသည်။ ကားကိုထိန်းချုပ်နိုင်သည့် စွမ်းရည်လျော့ကျလာသည်။ခန္ဓာကိုယ်ထိန်းချုပ်နိုင်စွမ်းလျော့နည်းလာခြင်း၊ အမြင်အာရုံ၊ အကြားအာရုံနှင့် စိတ်ဆုံးဖြတ်နိုင်စွမ်းနှောင့်နှေးလာခြင်းတို့ကြောင့် ကားမောင်းရာတွင် ဟန်ချက်ပျက်လာပြီး ယဉ်တိုက်မှုများဖြစ်စေနိုင်ပါသည်။ 2. အမြင်အာရုံဝေဝါးလာခြင်း။ အရက်အာနိသင်ကြောင့် လမ်းအားကောင်းမွန်စွာမမြင်ရပါ။ အထူးသဖြင့် ညဘက်မောင်းလျှင် ယာဉ်တိုက်မှုနှုန်း ပိုမိုဖြစ်စေနိုင်သည်။ အိပ်ငိုက်ခြင်း။ မောပန်းနွမ်းနယ်ခြင်းကြောင့် ကားမောင်းနေချိန်အတွင်း အိပ်ပျော်သွားခြင်းများဖြစ်တတ်သည်။ မူးပြီးမောင်းလျှင် တရားဥပဒေအရ အပြစ်ပေးခံရမည်ဖြစ်သည်။ 1.ပထမအကြိမ် အပြစ်ကြူးလွန်ခဲ့ပါက ယဥ်မောင်းလိုင်စင်တွင် 4 မှတ်အနှုတ်ခံရမည်ဖြစ်သည်။ 2.အများပြည်သူ ထိခိုက်ဒဏ်ရာရခြင်း၊ [...]