Take It Down – အလိုမတူသော ဓာတ်ပုံ/ဗီဒီယိုများအား အွန်လိုင်းမှ ဖယ်ရှားနိုင်သော ဝန်ဆောင်မှု
Take It Down – အလိုမတူသော ဓာတ်ပုံ/ဗီဒီယိုများအား အွန်လိုင်းမှ ဖယ်ရှားနိုင်သော ဝန်ဆောင်မှု Take It Downဆိုသည်မှာ လူအများသိတဲ့ National Center for Missing & Exploited Children (NCMEC) ဆိုတဲ့ အဖွဲ့အစည်းက တာဝန်ယူဖန်တီးထားတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်မှာ အရွယ်မရောက်သေးတဲ့လူငယ်များ၏ မိမိမလိုလားပဲပျံ့နှံ့သည့် ဓာတ်ပုံ/ဗီဒီယိုများအား အွန်လိုင်းမှဖယ်ရှား ပေးရန်ဖြစ်သည်။ Take It Downသည် ဟာ ၂၀၂၃ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့ပြီး ၊ လူငယ်များ ရင်ဆိုင်ကြုံတွေ့နိုင်သည် non-consensual image sharing (ခွင့်ပြုချက်မရှိဘဲ ပေးပို့/မျှဝေခြင်း revenge porn, သို့မဟုတ် child sexual abuse material [...]