စိတ်ကျန်းမာရေးဇုန်များကို နားလည်ခြင်း
စိတ်ကျန်းမာရေးဇုန်များကို နားလည်ခြင်း စိတ်ကျန်းမာရေးသည် တည်ငြိမ်နေသည့်အရာမဟုတ်ပေ။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသည် စိတ်ဖိစီးမှု၊ ဘဝဖြစ်ရပ်များနှင့် မိမိကိုယ်ကို မည်မျှဂရုစိုက်မှုအပေါ် မူတည်၍ ပြောင်းလဲသွားပါသည်။ ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပိုမိုကောင်းမွန်စွာနားလည်နိုင်ရန် ဇုန်သုံးခုဖြစ်သည့် မီးခိုးရောင်ဇုန်၊ အစိမ်းရောင်ဇုန် နှင့် အနီရောင်ဇုန် တို့ဖြင့်ခွဲခြား သိရှိနိုင်သည်။ မိမိရောက်ရှိနေသည့် ဇုန်အားမိမိကိုယ်တိုင် သိရှိ အသိအမှတ်ပြုခြင်းဖြင့် မိမိကျန်းမာရေးအတွက် မှန်ကန်သည့်ခြေလှမ်းများ လှမ်းနိုင်ရန် ခွန်အားအကူအညီဖြစ်စေပါသည်။ အစိမ်းရောင်ဇုန် အစိမ်းရောင်ဇုန်သည် စိတ်ကျန်းမာရေး၏ အကောင်းဆုံးအခြေအနေဖြစ်သည်။ ဤဇုန်တွင် သင်သည် ဟန်ချက်ညီညီ၊ စိတ်ပိုင်းဆိုင်ရာ ထိန်းညှိမှုကို ခံစားရပြီး နေ့စဉ် စိတ်ဖိစီးမှုများကို ထိရောက်စွာ ကိုင်တွယ်နိုင်မည်ဖြစ်သည်။ စိတ်တည်ငြိမ်ခြင်း၊ စိတ်ကြည်လင်ခြင်း၊ စိတ်အားထက်သန်ခြင်း စိတ်အားထက်သန်ခြင်းနှင့် အာရုံစူးစိုက်နိုင်စွမ်းစသည့်ဖြင့် [...]