လန်ဒန် တက္ကသိုလ်၏ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် ပညာသင်ဆု ၂၀၂၅/၂၆

လန်ဒန် တက္ကသိုလ်၏ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် ပညာသင်ဆု ၂၀၂၅/၂၆ အပြည့်အဝ ကုန်ကျစရိတ်ပညာသင်ဆု (Distance Learning) University of London သည် ဒုက္ခသည်များနှင့် နေရာပြောင်းရွှေ့ရသူများ အတွက် ၂၀၂၅/၂၆ ပညာသင်နှစ်အတွက် အပြည့်အဝအခမဲ့ Distance Learning ပညာသင်ဆုများ ကိုပေးအပ်သွားမည်ဖြစ်သည်။ ဤပညာသင်ဆုများသည် စစ်ရေး၊ အကြမ်းဖက်မှုကြောင့် ပညာရေးလမ်းကြောင်းတွင် အတားအဆီးကြုံတွေ့ရသူများအတွက် ထောက်ခံပံ့ပိုးရန် ရည်ရွယ်ထားသည်။ 📚 ပညာသင်ဆုရရှိနိုင်သောဘာသာရပ်များ MSc Professional Accountancy – ၃ ဆု Postgraduate Laws (LLM) – ၁၀ ဆု MSc Accounting and Financial Management – ၂ ဆု BSc Computer Science / MSc Data Science – ၅ ဆု BSc [...]

ထိုင်းဘာသာစကားသင်တန်းဖွင့်လှစ်ခြင်း

ထိုင်းဘာသာစကားသင်တန်းဖွင့်လှစ်ခြင်း ယခုလာမည့် ဖေဖော်ဝါရီလ 17 ရက်တွင် RBBမှ ထိုင်းဘာသာသင်တန်း ထပ်မံဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်းကြာချိန်သည် ဖေဖော်ဝါရီလ 17 မှ ဧပြီလ 1 ရက်နေ့အထိ ရက်ပေါင်း ၂၀ (နာရီ ၆၀) ကြာဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။ ထို့ကြောင့် ထိုင်းအခြေခံဘာသာစကား လေ့လာသင်ယူ လိုသော မိတ်ဆွေ/သူငယ်ချင်းအား အောက်ဖော်ပြပါဖောင်တွင် ဖြည့်သွင်းစာရင်းပေးသွင်းနိုင်ပါသည်။ သင်တန်းဖောင်ပိတ်ရက်သည် ဖေဖဝါရီလ ၃ရက်နေ့ ဖြစ်ပြီး RBBမှဖွင့်လှစ်သော ထိုင်းဘာသာစကားသင်တန်းတက်ရောက်ဖူးသောသင်တန်းသားများအနေဖြင့် ထပ်မံလျှောက်ထား၍ မရကြောင်း ဝမ်းနည်းစွာ အသိပေးအပ်ပါသည်ရှင့်။ လျှောက်လွှာတင်ရန် https://ee.kobotoolbox.org/x/JUEVrGoa

GEDပြီးဆုံးအောင်မြင်ပါကတက်ရောက်နိုင်သော တက္ကသိုလ်များ

GEDပြီးဆုံးအောင်မြင်ပါကတက်ရောက်နိုင်သော တက္ကသိုလ်များ GED လေ့လာနေသောကျောင်းသား လူငယ်များအား ရည်ရွယ်၍ GEDစာမေးပွဲပြီးဆုံးအောင်မြင်ပါက ထိုင်းနိုင်ငံအတွင်းရှိတက်ရောက်နိုင်သော တက္ကသိုလ်များအား အမည်၊ လိပ်စာ၊ ဝင်ရောက်လေ့လာရန် Website Link နှင့်တကွ အောက်ပါအတိုင်း ပူးတွဲဖော်ပြထားသည်။  Bangkok University 9/1 หมู่ที่ 5 Phahonyothin Road, Khlong Nueng, Khlong Luang District, Pathum Thani 12120 Pathum Thani, https://www.bu.ac.th Thongsook College 99/79 Borommaratchachonnani Rd, Sala Thammasop, Thawi Watthana Bangkok, https://www.thongsookcollege.com Raffle College 15, Bangkaew, 15 Soi Mu [...]

ပညာသင်ဆုလျှောက်ထား ရရှိနိုင်သောအစီအစဉ်များ

နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံသားများသည် ကလေးသူငယ်များအပါအဝင် ပြောင်းရွှေ့နေထိုင်မှုများမှာ ယနေ့ထိတိုင် တရားဝင်ဖြင့်သော်လည်းကောင်း/ တရားမဝင်ဖြင့် သော်လည်းကောင်း ပြုလုပ်နေထိုင်နေရပါသည်။ ထိုပြောင်းရွှေ့နေထိုင်သူများတွင် တက္ကသိုလ် ပညာရေး တပိုင်းတစဖြင့် ပြောင်းရွှေ့လာရသော တက္ကသိုလ် ကျောင်းသူ/ကျောင်းသားများလည်း အပါအဝင်ဖြစ်သည်။ လက်ရှိ ပြည်ပရောက် တက္ကသိုလ်ပညာရေးဆက်လက်လေ့လာလိုသော မြန်မာနိုင်ငံသားများအတွက် ပညာရေးထောက်ပံ့မှုပေးနေသောအဖွဲ့အစည်းများ၏ အကြောင်းအား အောက်တွင် အကျဥ်းချုတ်ဖော်ပြသွားမည်ဖြစ်ပါသည်။ 1.The United States Agency for International Development’s (USAID) USAID အဖွဲ့အစည်သည် မြန်မာနိုင်ငံ ကျောင်းသားများနှင့် မစိမ်းသောအဖွဲ့အစည်ဖြစ်ပါသည်။ ယခုအခါ USAIDတွင် Diversity and Inclusion Scholarship အားမြန်မာနိုင်ငံမှ ကျောင်းသူ ကျောင်းသားများအတွက်ရည်ရွယ်၍ ပေးအပ်မည့် [...]

ကျောင်းပြင်ပပညာရေး (ကောစောနော)

ထိုင်းနိုင်ငံရှိကျောင်းပြင်ပရောက် လူကြီး နှင့် လူငယ် များအတွက် ကျောင်းပြင်ပပညာရေး (Non-formal education) အရေးပါသောနေရာမှ အထောက်အကူပြုပေးနေပါသည်။ ကောစောနော ထိုင်းကျောင်းပြင်ပ ပညာရေးစနစ်သည် ပထမစာသင်နှစ်၂နှစ်ပြီးမြောက်ပါက ၆တန်းအောင်မည်ဖြစ်ပြီး စာသင်နှစ် ၄နှစ် ပြီးမြောက်ပါက ၉တန်းအောင်မည်ဖြစ်ပါသည် ၆နှစ်ထိတက်ရောက်ပြီးမြောက်သူသည် ၁၂တန်းအောင်မြင်မည်ဖြစ်ပြီး တက္ကသိုလ်ပညာရေးအားဆက်လက်တက်ရောက်နိုင်ပါသည်။ ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် ကျောင်းပြင်ပ ပညာရေး ကောစောနောအား စိတ်ပါဝင်စားပါက ကျောင်းအပ်ရန်လိုအပ်ချက်များမှာ အောင်ပါအတိုင်းဖြစ်ပါသည်။ ကျောင်းပြင်ပပညာရေးအား လေ့လာရန် လျှောက်ထားသူများအတွက် လိုအပ်သောအရည်အချင်းများ ထိုင်းနိုင်ငံအတွင်းနေထိုင်သည့် အထောက်အထားရှိရမည်ဖြစ်သည်။ တက်ရောက်လေ့လာလိုသူသည်အသက် 16 နှစ်နှင့်အထက်ဖြစ်ရမည်။ (အသက် 15 နှစ်အောက် မသင်မနေရပညာရေးမပြီးဆုံးသေးသော ကျောင်းသားများသည် NFE တွင် ပညာသင်ကြားနိုင်သော်လည်း ပညာရေးနယ်ပယ်မှ လွှဲပြောင်းပေးစာရှိရမည်ဖြစ်သည်။) [...]

ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်

ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက် အကြောင်းအရာ ။  ။ ထိုင်းနိုင်ငံသို့ရွှေ့ပြောင်းလာသူများအတွက် နိုင်ငံတော်တွင် ပညာသင်ကြားခြင်း (သို့) ပညာသင်ကြားရင်းအလုပ်လုပ်ခြင်းနှင့်ပတ်သက်သည့် အထူးကိစ္စ။ ကိုဗစ် - ၁၉ ကြောင့် ထိုင်းနိုင်ငံ၏စီးပွါးရေးများစွာထိခိုက်ခဲ့သည်။ ထို့ကြောင့် ထိုင်းအစိုးရအနေဖြင့် စီးပွါးရေးကိုမြှင့်တင်ရန် ရွှေ့ပြောင်းပညာသင်ကြားလိုသူ (သို့) ပညာသင်ကြားရင်းအလုပ်လုပ်လိုသူများအား အဆင့်မြင့်ပညာရေး အခွင့်အလှမ်းများ ဖန်တီးပေးခြင်းဖြင့်  ထိုင်းနိုင်ငံအတွက် အကျိုးစီးပွါးရှိပြီး စီးပွါးရေးတိုးတက်အောင်လဲ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ထိုင်းသက္ကရာဇ် ၂၅၂၂ (၁၉၇၉) ခုနှစ် ပုဒ်မ ၅ အပိုဒ် ၁ အရ အမျိုးသား အေးချမ်းသာယာရေးကောင်စီ၏ အမိန့်ထုတ်ပြချက် အမှတ် ၈၇/၂၀၁၄ ပါ ပြင်ဆင်ချက်နှင့် ဆက်လျဉ်း၍ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ရက်စွဲပါ ရဲအရာရှိများ၏ တာဝန်နှင့် [...]

ယာဉ်စည်းကမ်းလမ်းစည်းကမ်း : ထိုင်းနိုင်ငံအတွင်း ဘေးကင်းစွာနှင့် တရားဥပဒေနှင့်ကိုက်ညီစွာ ယာဉ် မောင်းခြင်း/စီးနှင်ခြင်း

1.ဘာကြောင့် မူးလျှင် ယာဉ်မမောင်းသင့်ပါသလဲ။ အာရုံကြောစနစ်မှာ ပုံမှန်လို အလုပ်မလုပ်တော့ပါ။ မူးယစ်ခြင်း ခေါင်းမူးခြင်း ခေါင်းကိုက်ခြင်းတို့ဖြစ်စေသည့်အတွက် ယာဉ်မောင်းရာတွင် အာရုံစူးစိုက်မှု လျော့ကျစေသည်။ ရှေ့တွင်ဖြစ်လာမည့်အရာများအား မှန်းဆနိုင်မှုလျော့ကျလာပြီး ယဉ်တိုက်မှုအတွက် တုန့်ပြန်မှု လျော့နည်းလာသည်။ ဦးနှောက်၏ တုန့်ပြန်မှုလျော့နည်းလာသည်။ ကားကိုထိန်းချုပ်နိုင်သည့် စွမ်းရည်လျော့ကျလာသည်။ခန္ဓာကိုယ်ထိန်းချုပ်နိုင်စွမ်းလျော့နည်းလာခြင်း၊ အမြင်အာရုံ၊ အကြားအာရုံနှင့် စိတ်ဆုံးဖြတ်နိုင်စွမ်းနှောင့်နှေးလာခြင်းတို့ကြောင့် ကားမောင်းရာတွင် ဟန်ချက်ပျက်လာပြီး ယဉ်တိုက်မှုများဖြစ်စေနိုင်ပါသည်။  2. အမြင်အာရုံဝေဝါးလာခြင်း။ အရက်အာနိသင်ကြောင့် လမ်းအားကောင်းမွန်စွာမမြင်ရပါ။ အထူးသဖြင့် ညဘက်‌မောင်းလျှင် ယာဉ်တိုက်မှုနှုန်း ပိုမိုဖြစ်စေနိုင်သည်။ အိပ်ငိုက်ခြင်း။ မောပန်းနွမ်းနယ်ခြင်းကြောင့် ကားမောင်းနေချိန်အတွင်း အိပ်ပျော်သွားခြင်းများဖြစ်တတ်သည်။ မူးပြီးမောင်းလျှင် တရားဥပဒေအရ အပြစ်ပေးခံရမည်ဖြစ်သည်။ 1.ပထမအကြိမ် အပြစ်ကြူးလွန်ခဲ့ပါက ယဥ်မောင်းလိုင်စင်တွင် 4 မှတ်အနှုတ်ခံရမည်ဖြစ်သည်။ 2.အများပြည်သူ ထိခိုက်ဒဏ်ရာရခြင်း၊ [...]

အရေးပေါ်အခြေအနေတွင် ကလေးပြုစုစောင့်ရှောက်ခြင်းနည်းလမ်းများ

ထိုင်းနိုင်ငံသို့ အသစ်ရောက်ရှိလာသူများအနေဖြင့် ပတ်ဝန်းကျင်အနေအထားနှင့် အခြေအနေများကြောင့် အိမ်ထဲတွင်သာနေထိုင်ကြရသည့်အချိန်တွင် လူတိုင်းအား အတွေးအခေါ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာနှင့် စိတ်ကျန်းမာရေးဆိုင်ရာများအား ထိခိုက်သက်ရောက်မှုရှိသည်။  ထိုထိုသောသက်ရောက်မှုများသည် လူတိုင်၊ အသက်အရွယ်မရွေး၊ ကျား၊မ မရွေး သက်ရောက်မှုရှိနိုင်ပါသည်။ ထိုသို့သောသက်ရောက်မှုများအား မိမိ၏သား၊ သမီး ကလေးများအပေါ် သက်ရောက်မှုမရှိစေရန်အတွက် လုံခြုံမှုမရှိသော အခြေအနေမျိုးတွင် မိဘများ၊ အုပ်ထိန်းသူများအနေဖြင့် ထိုအခြေအနေအား ကိုင်တွယ်ဖြေရှင်းနိုင်ရန် အတွက် မိမိကလေးအား မည်သို့ပြုစုစောင့်ရှောက်ရမည့်နည်းလမ်းများရှာဖွေဖော်ပြထားပါသည်။  အရေးပေါ်အခြေအနေတွင် ကလေးသူငယ်များအားစောင့်ရှောက်ခြင်း   ကလေး များလည်း စိတ်ဖိစီးမှုဖြစ်နိုင်သည်။ ကွဲပြားခြားနားသည့် အပြုအမူများရှိသည်။ အပြစ်မပေးပါနှင့်။ ကလေးများအား အသိအမှတ်ပြုပေးပြီး အားပေးပါ။ ကလေးများ၏ စိတ်ခံစားချက်များကို ဖြေလျော့ဖော်ပြနိုင်ရန်အတွက် ဖွင့်ဟပြောဆိုခိုင်းခြင်း၊ ကစားခြင်း၊ ရုပ်ပုံဆွဲခြင်းတို့ဖြင့် ဆက်သွယ်ခိုင်းပါ၊ [...]

ထိုင်းယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ယေဘုယျအားဖြင့် နားလည်ခြင်း

Do ထိုင်းနိုင်ငံသားများအနေဖြင့် တဦးကိုတဦးနှုတ်ဆက်ချိန်တွင် လက်အုပ်ချီ၍ “စဝပ်ဒီ” ဟူ၍ပြောဆိုနှုတ်ဆက်ပါသည်။  ထိုင်းလူမျိုးများအနေဖြင့် မရင်းနှီးသောသူအား တဦးကိုတဦးပြုံးပြခြင်းအားဖြင့် ဖော်ရွေရင်းနှီုးမှုအားဖော်ပြလေ့ရှိသည်။  နေအိမ်(သို့) ဘာသာရေးအဆောက်အအုံများသို့ ဝင်ရောက်သွားလာသည့်အချိန်တွင် မိမိစီးလာသော ဖိနပ်အား ချွတ်ပြီးမှဝင်ရောက်သင့်သည်။  ထိုင်းလူမျိုးများအနေဖြင့် နာမည်အရင်းနှင့် ခေါ်ဆိုကြလေ့ရှိပြီး ခင်မင်ရင်းနှီးမှုရှိလာသည့် အချိန်တွင် အိမ်နာမည်ကိုသာ ယဉ်ကျေးမှုရှိရန် အရှေ့တွင် “ခွန်” ထည့်၍ခေါ်ဝေါ်လေ့ရှိသည်။    ထိုင်းလူမျိုးများအနေဖြင့် ဇွန်းခရင်းများအသုံးပြု၍ အစားအသောက် စားသုံးလေ့ရှိသည်။  ထိုင်းလူမျိုးများသည် သက်ကြီးရွယ်အိုများနှင့် အရေးပါသော လူပုဂ္ဂိုလ်များအား အလေးထား လေးစားလေ့ရှိသည်။ ဘုရားကျောင်းများ သို့မဟုတ် အထိမ်းအမှတ်နေရာများတွင် သပ်ရပ်စွာ ၀တ်စားဆင်ယင်ရန်။ အများပိုင်နေရာများတွင်ချမှတ်ထားသော ထိုင်းဥပဒေများအားလိုက်နာသင့်သည်။ အောက်ပါအချက်များ ပြုမူခြင်းကြောင့် ရဲတပ်ဖွဲ့မှတားဆီးခြင်း/ ဖမ်းဆီးခြင်း၊ ဒဏ်ငွေရိုက်ခံရနိုင်သောအကြောင့် ရှောင်ရှားသင့်သည်။  လမ်းပေါ်တွင် ဥပဒေမဲ့ ဖြတ်ကျော်ခြင်း သို့မဟုတ် [...]

ထိုင်းနိုင်ငံအတွင်းပြောင်းရွှေ့နေထိုင်သူများအတွက်လမ်းညွှန်ချက်

လမ်းညွှန်ချက်များတွင် ထိုင်းနိုင်ငံအတွင်း ခိုလှုံခွင့်များရှာဖွေစဉ်အချိန်အတွင်း နေ ထိုင်မှုအခြေအနေ နှင့် လုံခြုံရေးဆိုင်ရာသတိထားရမည့် အခြေခံသတင်း အချက် အလက်များပါဝင်သည်။ ၁။ သင့်၏အခြေအနေအားနားလည် ခြင်း။ ထိုင်းနိုင်ငံသို့ ဖိအားပေး၍ရွှေ့ပြောင်းနေထိုင်ရာတွ င် သင့်အတွက် စိန်ခေါ် မှုများ နှင့် သင်၏လုံခြုံရေး ထိခိုက်မှုများ ဖြစ်စေပါ သည်။ သင့်အခြေအနေကို နားလည်ခြင်း သည် အခြား နိုင်ငံသို့ ခိုလှုံခွင့်ရရန် အရေးပါပြီး မြန်ဆန်သော ပြောင်းလဲမှုများအပေါ်  ပြ င်ဆင်မှုများ အတွက်သင့်အား အထောက်အကူဖြစ်စေပါသည်။  တရားဝင်စာရွက်စာတမ်းမရှိဘဲအခြားတိုင်းပြည်တွင်  နေထိုင်ခြင်းသည် အန္တရာယ်ရှိပါ သည်။ ထိုင်း နိုင်ငံသည် တရားမ၀င်ဝင်ရောက်မှုကို တားဆီးရန် အတွက် လူဝင်မှုကြီး ကြ ပ်ရေး [...]

Go to Top