RBB Information Hub
အခြားနိုင်ငံများသို့ ဖိအားပေး၍ မဖြစ်မနေပြောင်းရွှေ့နေထိုင်ရမည့် အခြေအနေတွင် သင့်အတွက် စိန်ခေါ်မှုအချို့ကို ရင်ဆိုင်ရစေနိုင်ပါသည်။ ယဉ်ကျေးမှု၊ ဥပဒေနှင့် မူဝါဒစသည့် အိမ်ရှင်နိုင်ငံ၏ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များရရှိခြင်းဖြင့် သင့်ကိုယ်သင် အဆင်ပြေစွာ နေထိုင်နိုင်ရန်အရေးကြီးသည်။
ဤ Information Hub တွင် ဖမ်းဆီးခြင်း နှင့် လုံခြုံမှုမရှိသော ပြည်နှင်ဒဏ်ပေးခြင်း အပါအဝင် အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများမှ မိမိကိုယ်ကို ကာကွယ်ရန် ကူညီ ပေးနိုင်သော ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များကို မျှဝေပေးထားပါသည်။

မိမိကိုယ်ကိုစိတ်ဖိစီးမှု အကဲဖြတ်ခြင်း
စိတ်ဖိစီးမှုသည် အသက်အရွယ်၊ လူမျိုး၊ ကျား၊မ နှင့် လူမှုစီးပွားရေးအခြေအနေ မည်သို့ပင်ရှိစေကာမူ လူတိုင်းတွင် ဖြစ်လေ့ရှိသည်။ စိတ်ဖိစီးမှုသည် အချိန်မရွေးမည်သူ့ကိုမဆို ဖြစ်ပေါ်စေနိုင်သည်။ သင့်အခြေအနေကို နားလည်သဘောပေါက်ခြင်းနှင့် သင့်စိတ်ဖိစီးမှုအဆင့်ကို သတိပြုမိခြင်းက စိတ်ပိုင်းဆိုင်ရာပြဿနာဖြစ်ပေါ်ခြင်းကို လျော့နည်းစေနိုင်ပါသည်။
နောက်ဆုံးရဆောင်းပါးများ
လန်ဒန် တက္ကသိုလ်၏ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် ပညာသင်ဆု ၂၀၂၅/၂၆
လန်ဒန် တက္ကသိုလ်၏ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် ပညာသင်ဆု ၂၀၂၅/၂၆ အပြည့်အဝ ကုန်ကျစရိတ်ပညာသင်ဆု (Distance Learning) University of London သည် ဒုက္ခသည်များနှင့် နေရာပြောင်းရွှေ့ရသူများ အတွက် ၂၀၂၅/၂၆ ပညာသင်နှစ်အတွက် အပြည့်အဝအခမဲ့ Distance Learning ပညာသင်ဆုများ ကိုပေးအပ်သွားမည်ဖြစ်သည်။ ဤပညာသင်ဆုများသည် စစ်ရေး၊ အကြမ်းဖက်မှုကြောင့် ပညာရေးလမ်းကြောင်းတွင် အတားအဆီးကြုံတွေ့ရသူများအတွက် ထောက်ခံပံ့ပိုးရန် ရည်ရွယ်ထားသည်။ 📚 ပညာသင်ဆုရရှိနိုင်သောဘာသာရပ်များ MSc Professional Accountancy – ၃ ဆု Postgraduate Laws [...]